
တရုတ်၏တင်းမာပြီးတစ်သမတ်တည်း မဟုတ်သော ကိုဗစ်ကင်းစင်ရေးမူဝါဒသည် နိုင်ငံတွင်းရှိ ဥရောပစီးပွားရေးလုပ်ငန်းများကို ထိခိုက်မှုရှိစေသည်ဟု အဓိကစီးပွားရေးအဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့ပြီး လက်ရှိတရုတ်နိုင်ငံတွင် တည်ရှိနေသည့် ကုမ္ပဏီများသည် ကာလကြာရှည်ဆက်လက် တည်ရှိရန် အာမခံချက်မရှိနိုင်ဟု သတိပေးပြောကြားခဲ့သည်။
တရုတ်အစိုးရ၏ သဘောထားတင်းမာသော ဗိုင်းရပ်စ်ထိန်းချုပ်ကန့်သတ်မှုသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကို ထိခိုက်မှုရှိစေပြီး ၎င်းအားနိုင်ငံတကာအဆင့်၌ သီးခြားဖြစ်နေစေသည်ဟု ထုတ်ပြန်ထားသော ယင်းအစီရင်ခံစာသည် တရုတ်နိုင်ငံရှိ ဥရောပသမ္မဂကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာသည် နိုင်ငံခြားစီးပွားရေးအသိုင်းအဝိုင်း၏ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်သည်။
တရုတ်နိုင်ငံသည် နောက်ဆုံးအကြိမ် ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ကူးစက်မှုအား ရုတ်တရက် Lockdown ချမှတ်မှုများ၊ လူအုပ်စုလိုက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိစစ် ဆေးမှုများနှင့် ကာလကြာရှည်ချမှတ်ထားသော ကွာရန်တင်းစည်းမျဉ်းများအပါအဝင် ကိုဗစ်ကင်းစင်ရေးမူဝါဒကို စွဲမြဲစွာကျင့်သုံးနေသည့် နောက်ဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည်။
လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာသော်လည်း သမ္မတရှီကျင်းပင်က တရုတ်၏ စီးပွားရေးနှင့် အထိရောက်ဆုံးလမ်းကြောင်းကို ရှေ့သို့ချဉ်းကပ်ရန် ကြေညာခဲ့ပြီးစည်းမျဉ်းများအား မည်သည့်အချိန်တွင် ဖြေလျှော့နိုင်မည်ကို တာဝန်ရှိသူများက ကြေညာထားခြင်း မရှိပေ။
တရုတ်ရှိ ဥရောပကုမ္ပဏီ ၁၈ဝဝကျော်၏အဖွဲ့ဖြစ်သော ဥရောပသမ္မဂကုန်သည်ကြီးများအသင်းက ကိုဗစ်ကင်းစင်ရေးနှင့် ၎င်း၏ ကြီးမားသော မသေချာမှုများသည် ၎င်းအဖွဲ့ဝင်ကုမ္ပဏီများ၏ ၇၅ ရာခိုင်နှုန်းအပေါ် ဆိုးကျိုးများသက်ရောက်စေသည်ဟု ပြောကြားခဲ့သည်။
“တရုတ်ရဲ့ စီးပွားရေးပတ်ဝန်းကျင်ဟာ Lockdown ခြိမ်းခြောက်မှုတွေ တည်ရှိနေသမျှ ကြိုတင်ခန့်မှန်းလို့ရမှာမဟုတ်ပါဘူး”ဟု အဖွဲ့က ပြောကြားခဲ့သည်။
ယင်းအခြေအနေကြောင်း ကုမ္ပဏီများ၏ လေးပုံတစ်ပုံနီးပါးသည် လက်ရှိသို့မဟုတ် စီစဉ်ထားသည့် ရင်းနှီးမြှုပ်နှံမှုများကိုတရုတ် နိုင်ငံပြင်ပသို့ ပြောင်းရွှေ့ရန် စဉ်းစားသုံးသပ်နေပြီး ယင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ရာခိုင်နှုန်းဖြစ်သည်။
တရုတ်၏ သိသာထင်ရှားသောတိုးတက်မှု အလားအလာရှိနေသော်လည်း ဥရောပကုမ္ပဏီများ၏ တည်ရှိမှုအတိုင်းအတာသည် မည်မျှ ကြာရှည်နိုင်မည်ကိုအာမခံနိုင်ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇွန်လတွင် တရုတ်နိုင်ငံသည် ပြည်တွင်းခရီးသွားများအတွက် မဖြစ်မနေကွာရန်တင်းကာလကို ၂၁ ရက်မှ ၁၀ ရက်သို့လျှော့ချခဲ့သော်လည်း လေကြောင်းခရီးစဉ်မရှိခြင်းနှင့် လက်မှတ်စျေးနှုန်းများ မြင့်တက်နေမှုသည် ခရီးသွားလာရန် အဓိကအတားအဆီးဖြစ်နေသည်။ တရုတ်အစိုးရအနေဖြင့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားမည်ဆိုလျှင် စီးပွားရေးအသိုင်းအဝိုင်းသည် ပိုမိုစိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်ရန်ဖြစ်လာလိမ့်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်