Top News

ဟောင်ကောင်အစိုးရက အောက်တိုဘာ ၅ ရက်နေ့မတိုင်မီအထိ လက်ရှိ COVID-19 ကန့်သတ်ချက်များကို ရက်ထပ်တိုး
24htopnews | January 20, 2025 2:12 AM CST

ဟောင်ကောင်အစိုးရက လက်ရှိထုတ်ပြန်ထားသည့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်သည့်စည်းမျဉ်းများကို စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ထပ်တိုးသတ်မှတ်သွားမည်ဟု စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ကပ်ရောဂါဟာ တည်ငြိမ်နေပြီး ကူးစက်မှုတွေဟာ အကျဘက်ကို စတင်ရောက်နေပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်အပေါ်သက်ရောက်မှုတွေကလည်း တဖြည်းဖြည်းလျော့ကျနေပါတယ်။ အခုချိန်ဟာ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့နဲ့ နောက်ထပ်တည်ငြိမ်နေစေဖို့ အရေးပါတဲ့အခိုက်အတန့်ပဲ ဖြစ်ပါတယ်။  အဲ့ဒါကြောင့် အစိုးရအနေနဲ့ လက်ရှိတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေထိုင်တဲ့ စည်းမျဉ်းတွေကို နောက်ထပ် ၁၄ ရက် ဆက်လက်ထပ်တိုးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်”ဟု ၎င်းက ထုတ်ပြန်ခဲ့သည်။

ဒေသခံများအနေဖြင့် မော်တော်ယာဉ်များပေါ်နှင့် အများပြည်သူနေရာများတွင် နှာခေါင်းစည်းများတပ်ဆင်ရန် လိုအပ်ပြီး ပြည်သူပိုင်နေရာများတွင် လူလေးဦးထက်ပို၍ စုဝေးမှုကို ကန့်သတ်တားမြစ်ထားသည်။ ယင်းစည်းမျဉ်းများသည် ပြောင်းလဲမှုမရှိဘဲ ဆက်လက်အကျုံးဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၁၂ နှစ်နှင့် အထက် အရွယ်များသည် လက်ရှိတွင် စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာများ၊ စျေးများနှင့် အားကစားခန်းမများသို့ ဝင်ရောက်လျှင် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားပြသရန် လိုအပ်သည်ဟု ဆိုသည်။

အစိုးရက ကာကွယ်ဆေးဖြတ်သန်းမှုအစီအစဉ်ကို စက်တင်ဘာ ၃၀ ရက်မှစ၍ အသက် ငါးနှစ်မှ ၁၁ နှစ်အထိ ထပ်တိုးသွားမည်ဟု အသိပေးထားသည်။

ယင်းအသက်အရွယ်များအနေဖြင့် ကာကွယ်ဆေးဖြတ်သန်းခွင့်လက်မှတ်ပြရမည့် အဆောက်အအုံအတွင်းသို့ မဝင်ရောက်မီ ကာကွယ်ဆေးတစ်လုံးထက်မနည်း ထိုးနှံပြီးစီးရမည်ဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်အစောပိုင်းက ဟောင်ကောင်သည် ကမ္ဘာ့အခြားနိုင်ငံများနှင့် ဆက်သွယ်လိုသည့်အတွက် ဆိုက်ရောက်ခရီးသွားများအားလုံးအတွက် ၎င်း၏အငြင်းပွားဖွယ် COVID-19 ဟိုတယ်ကွာရန်တင်းမူဝါဒအပေါ် မကြာမီ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက ၎င်းအနေဖြင့် ဟောင်ကောင်သည် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပြန်လည်ရရှိရန်လိုအပ်နေကြောင်း သိရှိထားသည်ဟု ပြောကြားခဲ့ကာ အာဏာပိုင်များက မြို့တွင်းအခမ်းအနား များနှင့် တက်ကြွလှုပ်ရှားမှုများကို ပြန်လည်အသက်သွင်းရန် ဆန္ဒရှိနေကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ တွေ ဘယ်ကို ဦးတည်သင့်သလဲဆိုတာ အတိအကျသိရှိထားပြီး အဲဒီဦးတည်ချက်ဆီ ခိုင်ခိုင်မြဲဲမြဲ ရွေ့လျားနေပါတယ်။ ကျွန်တော်တို့တွေ စနစ်တကျ ပြန်လည်ဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပရမ်းပတာဖြစ်တာ ဒါမှမဟုတ် ရှုပ်ထွေးတာတွေ မဖြစ်စေချင်လို့ပါ”ဟု ၎င်းကပြောကြားခဲ့သည်။

တရုတ်ပြည်မကြီး၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို ကျင့်သုံးနေသည့် ဟောင်ကောင်သည် ဆိုက်ရောက်ခရီးသည်များအား ကွာရန်တင်းဝင်ရောက်ရန်လိုအပ်သည့် နေရာအနည်းစုတွင်ပါဝင်နေသည်။ လက်ရှိတွင် ဆိုက်ရောက်ခရီးသည်များအနေဖြင့် ဟိုတယ်တွင် သုံးရက်နှင့်မိမိကိုယ်တိုင်စောင့်ကြည့်ကာလ လေးရက်ကွာရန်တင်းဝင်ရသည်။


READ NEXT
Cancel OK