
ဗီလာအသင်းနှင့် သရေကျသည့်ပွဲတွင် ဟာဗက်ဇ်၏ နောက်ကျအနိုင်ဂိုး VAR ဖြင့် ပယ်ဖျက်ခံရခြင်းအတွက် အာဆင်နယ် အသင်းနည်းပြ အာတီတာက ညည်းတွားပြောဆိုခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) တွင် အာဆင်နယ်နှင့် ဗီလာအသင်း (၂-၂) ဂိုးစီ သရေကျခဲ့သည်။ အာဆင်နယ်အသင်းအနေဖြင့် မာတင်နယ်လီ (၃၅ မိနစ်)၊ ဟာဗက်ဇ် (၅၅ မိနစ်) တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် ဦး ဆောင်ထားနိုင်သော်လည်း ၆၀၊ ၆၈ မိနစ်တွင် ချေပဂိုးနှစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရသည်။
၈၇ မိနစ်တွင် ၁၈ ကိုက်စည်းထိပ်မှ မယ်ရီနို၏ ကန်သွင်းမှု ဟာဗက်ဇ်နှင့်ထိကာ ဂိုးဝင်သွားခဲ့သော်လည်း VAR ဒိုင်ဖြစ်သူ ဂျွန်ဘရွတ် က ဟာဗက်ဇ်၏လက်နှင့်ထိသည်ဟု ဆုံးဖြတ်ကာ လက်ထိဘောအဖြစ် သတ်မှတ်ခဲ့သောကြောင့် အာဆင်နယ်အသင်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်အပေါ် အာတီတာ က "ရှုထောင့်တစ်ခုကကြည့်ရင် အဲဒီလိုပုံစံ (လက်ထိဘော) ဖြစ်ပေမဲ့ တခြားတစ်ဖက်က ကြည့်ရင်တော့ အဲဒီလိုမဟုတ်ပါဘူး။ ဆုံးဖြတ်ချက်က ချလိုက်ပါပြီ။ အဲဒါက ခက်ခဲပါတယ်။ ခင်ဗျားက စိတ်ခံစားချက်တွေ အရမ်းများနေပြီး အဲဒီဂိုးအတွက် အောင်ပွဲခံခဲ့တယ်။ ပြီးတော့ အဲဒါကို ပယ်ဖျက်ခံလိုက်ရတယ်။ ဒါက မလွယ်ပါဘူး" ဟု ပြောကြားခဲ့သည်။
ထို့ပြင် အားထားရသည့် ခံစစ်အတွင်းလူ ဆာလီဘာမှာ စပါးအသင်းနှင့်ပွဲ၌ရရှိခဲ့သည့်ဒဏ်ရာကြောင့် ယခုပွဲကို လွဲချော်ခဲ့ပြီး ၎င်း၏အခြေအနေနှင့်ပတ်သက်၍ အာတီတာက "သူ့ရဲ့ဒဏ်ရာက ပြင်းထန်လားဆိုတာ မသိရသေးပါဘူး။ သူ့ကို နောက်ထပ်စစ်ဆေးမှုလုပ်ရမှာပါ။ အဲဒါဆိုရင် ပိုပြီးသေချာသိရမှာပါ။ သူ့အတွက် စိုးရိမ်တာပေါ့။ အထူးသဖြင့် ကျွန်တော်တို့လူစာရင်းမှာရှိတဲ့ ကိန်းဂဏန်းတွေနဲ့ အရန်ခုံတန်းကို ကြည့်လိုက်ပါ။ တော်တော်စိုးရိမ်စရာပါပဲ" ဟု ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်