
မြိတ်ကျွန်းစုအတွင်းရှိလင်းလွန်းကျေးရွာကမ်းခြေတွင်ဘရိုင်းဝေလငါး ( Bryde’s Whale ) တစ်ကောင ်သောင်တင်သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊ဒုံးပုလဲအော်ကျေးရွာအုပ်စု၊လင်းလွန်းကျေး ရွာမြောက်ဘက်သောင်ပြင်တွင် ဝေလငါးကြီးတစ်ကောင်မှာဖေဖော်ဝါရီလ ၄ ရက်နေ့ကလာရောက် သောင်တင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဒေသခံတံငါသည်များ၏သတင်းပေးပို့လာမှုကြောင့် ဒုံးပုလဲအော်ကျေးရွာ၊ကနှောင်ကျွန်းလုံခြုံရေး တာဝန်ခံ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှသွားရောက် စစ်ဆေးရာ သေဆုံးနေသည့်ဝေလငါးကြီးမှာ ဘရိုင်းဝေလငါးဖြစ်နေကြောင်းသိရသည်။ အဆိုပါဝေလ ငါးကြီးအားဒေသခံတံငါသည်များ၏ အကူအညီဖြင့်မြုပ်နှံမည့်သောင်ပြင်သို့ ရွှေ့ပြောင်းကာဖေဖော်ဝါရီလ ၅ ရက်နေ့တွင်မြုပ်နှံပေးခဲ့ကြောင်းသိရသည်။
မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှလေ့လာတွေ့ရှိ ချက်အရဝေလငါးကြီးမှာအလျား ၄၀ ပေ၊အနံ ၈ ပေရှိပြီးမျိုးစိတ်မှာ Balaenoptera edein ( Anderson,1878 )ဖြစ်ပြီး နှစ်ပေါင်း ၄၀ မှ ၇၀ အထိအသက်ရှင်နိုင်သောမျိုးစိတ်ဖြစ်ကြောင်းသိရသည် သောင်တင်သေဆုံးခဲ့သော ဝေလငါးကြီးမှာအသက် ၂၀ မှ ၂၅ နှစ်ကြားရှိ အရွယ်ရောက်ပြီးသောဝေလ ငါးကြီးဖြစ်ကြောင်း ထိခိုက်ဒဏ်ရာ ရရှိထားမှုမရှိကြောင်းသိရသည်။
ရာသီဥတုဆိုးရွားခြင်း၊ရေစီးကြောင်း ပြောင်းလဲခြင်း၊အသံ ညစ်ညမ်းခြင်းတို့ကြောင့်လင်းလွန်းကမ်းခြေအနီးသို့ ရောက်ရှိလာကာ ရေချိုပါဝင် နှုန်းများသည့်နေရာ ဖြစ်သည့်အတွက်သဘာဝအလျောက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ ဝေလငါးကြီးအားပုံစံမပျက်မြုပ်နှံအရိုးချထားမည်ဖြစ်ပြီးသုတေသနပြုလုပ်ရာတွင်အသုံးပြုသွားမည်ဖြစ် ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်