
စက်သုံးဆီစျေးနှုန်းများ ပြန်လည်ကျ ဆင်းလာပြီး ရန်ကုန်တွင် ၉၂ တစ်လီတာ ၂၁၃၀ ကျပ်တွင် တည်ရှိနေကြောင်း စက်သုံး ဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ် ပြန်ချက်အရ ဖေဖော်ဝါရီ ၄ ရက်တွင် ၉၂ တစ် လီတာ ၂၁၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ရိုးရိုးဒီဇယ်ဆီမှာ တစ်လီတာ ၂၂၇၀ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာ ၂၃၅၀ ကျပ်တို့ဖြစ်သည်။
အဆိုပါစျေးနှုန်းမှာ ဖေဖော်ဝါရီ ၄ ရက် မှ စတင်ကာ သတ်မှတ်ထားခြင်းဖြစ်ပြီး သုံး ရက်ဆက်တိုက် စျေးနှုန်းတည်ငြိမ်နေခြင်းဖြစ် သည်။
စက်သုံးဆီစျေးနှုန်းမှာ အမြင့်ဆုံးအဖြစ် ၉၂ တစ်လီတာကျပ် ၂၃၀၀ အထိ ရောက်ရှိခဲ့ ပြီးနောက် ပြန်လည်ကျဆင်းလာခြင်းဖြစ် သည်။
ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ် လီတာ ကျပ် ၂၄၈၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၅၆၀ ဖြစ်ကြောင်း သိရသည်။
ယင်းစျေးနှုန်းမှာ ၂၀၂၃ ခုနှစ် နှစ်စပိုင်း တွင် အမြင့်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည် ကို တွေ့ရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် စက်သုံးဆီ စျေးနှုန်းမှာ ကျပ် နှစ်ထောင်ကျော်တွင်သာရှိ ခဲ့ပြီး အမြင့်ဆုံးအဖြစ် ကျပ် ၂၃၀၀ ကျော်မှ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စက်သုံးဆီဆိုင် များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများ အရ ၉၂ တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီ တာ ၂၂၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၂၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ နောက်ဆုံးပတ်တွင် ရောင်းချ ခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ တစ်လီတာ လျှင် ကျပ် ၂၂၀၀ အထက်တွင်သာရှိခဲ့သည် ဟု စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန် ချက်အရ သိရသည်။
ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ကျပ် ၂၂၀၀၊ ၉၅ တစ်လီတာ ၂၂၇၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ် လီတာ ကျပ် ၂၄၂၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၅၀၀ ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ကျပ် ၂၂၃၀၊ ၉၅ တစ်လီတာ ကျပ် ၂၃၁၀၊ ရိုးရိုးဒီဇယ် တစ် လီတာ ကျပ် ၂၄၂၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၅၀၀ ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီစျေးနှုန်းမှာ ဇန်နဝါရီ ၁၃ ရက်မှ စတင်ကာ ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀ ကျော်သို့ စတင်ရောက်ရှိခဲ့သည်။
စက်သုံးဆီစျေးနှုန်းများမှာ ဒီဇင်ဘာလ ကုန်ပိုင်းတွင် အမြင့်စျေးတန်းသို့ ရောက်ရှိလာ ပြီး ဇန်နဝါရီလအစပိုင်းမှာပင် တစ်လီတာ ကျပ် ၂၀၀၀ ကျော်သို့ ရောက်ရှိလာခြင်းဖြစ် သည်။
စက်သုံးဆီစျေးနှုန်းများမှာ ဒီဇင်ဘာ ၁၇ ရက်တွင် စျေးများပြန်လည်ကျဆင်းလာသည် ကိုတွေ့ရပြီး ယင်းမတိုင်မီက စက်သုံးဆီစျေး နှုန်းများအရ ဒီဇယ်တစ်လီတာလျှင် ကျပ်နှစ် ထောင်ကျော်အထိ ရောက်ရှိခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်တွင် စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီ၏ထုတ်ပြန်သည့် စျေးနှုန်းများ အရ ၉၂ တစ်လီတာ ကျပ် ၁၈၉၀ ကျပ်၊ ၉၅ တစ်လီတာ ၁၉၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီ တာ ကျပ် ၂၄၂၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၅၀၀ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်