
စဉ့်ကိုင်မြို့နယ်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စဉ့်ကိုင်ကြီးကျေးရွာမှ ရာအိမ်မှူးတစ်ဦး အလှူခံမဏ္ဍပ်အတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ရာအိမ်မှူးဖြစ်သူ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း (၃၈ နှစ်)သည် မြို့မရပ်ကွက်ရှိ အာရုဏ်တော်ဆွမ်းလောင်းအသင်းဓမ္မာရုံအရှေ့ရှိ အလှူခံမဏ္ဍပ်၌ စဉ့်ကိုင်ကြီးကျေးရွာနေ ရာအိမ်မှူးဦးအုန်းကြိုင် (၆၃ နှစ်)နှင့်အတူရှိနေစဉ် လူသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး အလှူခံမဏ္ဍပ်အတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်ကာ တရုတ်ကြိုးဆွဲလက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် ဦးအုန်းကြိုင်တွင် ကျည်၊ ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးကျော်ကျော်လင်းတွင် ယာလက်နှင့် ဝဲခြေထောက်တို့၌ ကျည်၊ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်