Top News

စားအုန်းဆီရည်ညွှန်းစျေး အနည်းငယ်တက်လာ
24htopnews | January 20, 2025 1:12 AM CST

စားအုန်းဆီရည်ညွှန်းစျေး အနည်းငယ် တက်လာကြောင်း စားသုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော် မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော်မတီက ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိ စားအုန်းဆီရည်ညွန်းစျေးအဖြစ် တပိသာလျှင် ကျပ် ၄၄၈၀ ကျပ်အဖြစ် သတ် မှတ်ခဲ့သည်။

ပြီးခဲ့သည့် တပတ်က ရည်ညွန်းစျေးမှာ တပိသာလျှင် ကျပ် ၄၄၃၀ ကျပ်ဖြစ်သဖြင့် စျေးနှုန်းမှာ အနည်းငယ်တက်လာခြင်းဖြစ် သည်။

စားအုန်းဆီစျေးနှုန်းမှာ ဇန်နဝါရီ လကုန် ပိုင်းက စျေးနှုန်းအတက်အကျမရှိဘဲ တပိသာ လျှင် ၄၄၄၀ ကျပ်သာ ရှိခဲ့သည်။

ဇန်နဝါရီ လကုန်ပိုင်းအထိ ရန်ကုန်အ ထိုင်အခြေခံလက်ကား ရည်ညွှန်းစျေးအဖြစ် စားအုန်းဆီ တစ်ပိဿာ ၄၄၄၀ ကျပ် သတ် မှတ်ခဲ့သဖြင့် စျေးနှုန်း အတက်အကျ မရှိဘဲ တည်ငြိမ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ စားအုန်းဆီအခြေခံလက်ကားရည် ညွန်း သတ်မှတ်စျေးမှာ တစ်ပိသာလျှင် ကျပ် ၄၅၃၀ ဖြစ်သဖြင့် စျေးနှုန်းမှာ အနည်းငယ်ကျ ဆင်းလာသည်ကို တွေ့ရသည်။

စားအုန်းဆီရည်ညွန်းစျေးနှုန်းမှာ ဒီဇင် ဘာလကုန်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၅၀ ကျဆင်းခဲ့ရာမှ ပြန်လည်မြင့်တက်ရာတွင် တစ်ပိဿာ ကျပ် ၁၀၀ ကျော်သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့ သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ တွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အ ခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေး ကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းစျေးနှုန်းကိုထုတ် ပြန်ပေးနေခြင်းဖြစ်ကြောင်း စားသုံးဆီ တင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရ သည်။ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိ ရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံများထံမှ အဓိထားတင်သွင်းနေရ ကြောင်း သိရသည်။


READ NEXT
Cancel OK