Top News

ရွှေစျေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အဝယ်ထက် အရောင်းများနေသည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းပြောကြား
24htopnews | January 20, 2025 1:12 AM CST

ရွှေစျေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး အဝယ်ထက် အရောင်းများနေ သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌဦးမျိုးမြင့်က ပြောကြားသည်။

“ကမ္ဘာ့ရွှေစျေးကလည်း အတက်အကျ မမှန်ဘူးဖြစ်နေတယ်။ ပြည်တွင်းမှာတော့ စျေးကွက်က အေးတယ်။ အဝယ်ထက်အ ရောင်းက ပိုများနေတယ်။ လတ်တလောမှာ တော့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ နေ့စဉ် ရွှေပိသာချိန် ၅၀ နီးပါးခန့်ဝင်ရောက်နေပြီး အများစုမှာ အထည်များကို အရည်ကြိုကာ စျေးကွက်အတွင်း ဝင်ရောက်ခြင်းဟု ဦးမျိုး မြင့်က ဆက်လက်ပြောကြားသည်။

“အကယ်ဒမီမှာဆိုရင် ရက်ချိန်းနဲ့တောင် ကျိုနေရတယ်။ နေ့ချင်းမရတော့ဘူးဖြစ်သွား တယ်။ အထည်ပျက်တွေက နယ်ကတအားပြန် ဝင်လာတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြား သည်။

ရွှေစျေးကွက်အတွင်း ကောလာဟလ များကြောင့် စျေးနှုန်းကို ဆွဲတင်ခြင်းများရှိခဲ့ သော်လည်း စျေးကွက်အတွင်း ထိန်းသိမ်းနိုင်မှု ကြောင့် လှုပ်လှုပ်ရှားရှား မဖြစ်ခဲ့ကြောင်း ဦး မျိုးမြင့်က ပြောကြားသည်။

“ တစ်ရက်လုပ်လိုက် တို့ရွှေဆိုင်တွေက ထိန်းလိုက်ဆိုတော့ ကောလာဟလက နည်း နည်းငြိမ်သွားပါပြီ” ဟု ဦးမျိုးမြင့်က ပြောကြား သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်ရွှေအ သင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၂၁၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပ စျေးကွက်တွင် ရွှေတစ်ကျပ်သား ကျပ်  ၂၈၄၅၀၀၀ ဝန်းကျင်ရှိနေသိရသည်။

ရွှေကို ပြင်ပစျေးကွက်တွင် စျေးနှုန်း တင်၍ စျေးကစားခြင်းများရှိနေပြီး သတင်း အဖြစ်အပျက်အမှန်များကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး၍ အရေးယူခြင်းများပြုလုပ် မည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။

ယင်းသို့ သတင်းအဖြစ်အပျက်အမှန် များကို ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးလျက် ရှိပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယင်းကြောင့် စျေးကစားသူများ အနေဖြင့် ကောလာဟလများ ထုတ်လွှင့်ခြင်း၊ စျေးကစားခြင်းများ မပြုလုပ်ကြရန် ပန်ကြား အပ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များအသင်းက ထုတ်ပြန်သည်။

ရွှေစျေးကွက်အတွင်းမှာလည်း အ ရောင်းအဝယ်အေးလျက်ရှိကြောင်း၊ စျေးနှုန်း သာ မြင့်တက်နေသောကြောင့် ရွှေစျေးကွက် အတွင်း စျေးနှုန်းမတည်ငြိမ်မှုများ မဖြစ်စေ ရန် ၀ိုင်းဝန်းဆောင်ရွက်ပေရန် အထူးမေတ္တာ ရပ်ခံအပ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းက ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။


READ NEXT
Cancel OK