Top News

မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်၊ MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်မှုပြတ်တောက်နေ
24htopnews | January 20, 2025 1:12 AM CST

 

မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်၊ MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်မှုပြတ်တောက်နေကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ MPT Exchange ရုံးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း၊ ၁၀ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

 

မီးလောင်မှုကြောင့် လတ်တလောတွင် MPT ဖုန်းလိုင်းများမှာ အထွက်ခေါ်ဆိုမှုသာရပြီး အဝင်ခေါ်ဆိုမှုမရကြောင်း ရန်ကုန်တိုင်းအတွင်း နေထိုင်သူများက ပြောကြားသည်။

 

“ကိုယ်ကခေါ်ရင်ရတယ်။ သူများက ကိုယ့်ကို ပြန်ခေါ်ရင် မရဘူး။ အဲ့ဒီလိုဖြစ်နေတယ်။ ဖုန်းလိုင်းတင်မကဘူး အင်တာနက်လိုင်းလည်း ပြတ်တောက်နေတယ်" ဟု သုံးခွမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

 

MPT Exchange ရုံးတွင် မီးလောင်မှုကြောင့် လိုင်းများယာယီ ပြတ်တောက်နေသည်ဟု MPT က သတင်းထုတ်ပြန်ထားသည်။


READ NEXT
Cancel OK