
ထိုင်းနိုင်ငံ မဲဆောက်တွင် ပေ ၁၃၀ ကျော်ရှိမြေအောက်ပိုင်တိုင်အတွင်း ၁၈ နာရီခန့် ပိတ်မိနေသော မြန်မာလုပ်သား၏ ကလေးငယ်အား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့အနီး ရွှန်ကလာအိုစီမက်စ်ကျေးရွာ တောင်ယာလုပ်ငန်းခွင်တွင်လုပ်ကိုင်နေသော မြန်မာလုပ်သား၏ တစ်နှစ် ခုနစ်လအရွယ်ရှိ မိန်းခလေးငယ်သည် ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အနက်ပေ ၁၃၀ ကျော်ရှိသော ပိုင်တိုင်ထဲ့သို့ပြုတ်ကျသွားကြောင်း၊ ယင်းဖြစ်စဉ်အား ဘုန်းတော်ကြီးများကတွေ့ရှိပြီး ကယ်ဆယ်ရေးလုပ်သားများကို အကူအညီတောင်းခံခဲ့၍ ယခုကဲ့သို့ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပိုင်တိုင်အတွင်းသို့ ပြုတ်ကျသွားသော ကလေးငယ်သည် အနက် ၁၀ ပေခန့်တွင်ရှိနေပြီး ယနေ့နံနက် ၉ နာရီထိ အလန့်တကြားငိုကြွေးနေကြောင်းနှင့် ကယ်ဆယ်ရေးလုပ်သားများက ကလေးရှိသောနေရာထိ မြေတူးစက်များဖြင့်တူးဆွပြီး ၁၅ နာရီကျော် ကြိုးစားပန်းစား ကယ်ဆယ်ရေးလုပ်ဆောင်ကြသည့်အတွက် ပိုင်တိုင်အတွင်း ၁၈ နာရီခန့်ပိတ်မိနေသော မြန်မာကလေးငယ်အား အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။
မဲဆောက်တွင်နေထိုင်သည့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးက “တကယ့်ကို မသေကောင်း မပျောက်ကောင်းပါပဲ။ ထိုင်းနိုင်ငံမဲဆောက်မြို့ ရွှန်ကလာအိုစီမက်ကျေးရွာမှာရှိတဲ့ တစ်နှစ်ကျော်ရှိတဲ့ ကလေးလေးကို မြန်မာလုပ်သားတွေက ဂရုမစိုက်မိတဲ့သဘောပေါ့၊ သူတို့အလုပ်သူတို့လုပ်နေတဲ့သဘောပေါ့။ ဘာဘဲဖြစ်ဖြစ်ထိုင်းကယ်ဆယ်ရေး လုပ်သားတွေကနေ အပူတပြင်း ၁၅ နာရီလောက် ကြိုးပန်အားထုတ်လိုက်တာ ခုတော့ မသေကောင်း မပျောက်ကောင်းကယ်ဆယ်နိုင်ခဲ့ပြီပေါ့ဗျာ၊၊ ဒီဖြစ်ရပ်က အရွယ်မရောက်သေးတဲ့သားသမီးကို ဂရုမစိုက်တဲ့အတွက် သင်ခန်းစာပေးပါတယ်။ ဒီလိုကေလးတွေကို ပစ်မထားသင့်ဘူး၊ ထိုင်းကယ်ဆယ်ရေးလုပ်သားတွေကို အထူးကျေးဇူးတင်ပါတယ်။ ဒါထိုင်းနိုင်ငံမှာမို့လို့ပေါ့ဗျာ၊ ခေတ်မှီတိုးတက်တဲ့နိုင်ငံမှာဖြစ်လို့၊ ဘာဘဲဖြစ်ဖြစ် ဒီကလေးကို စိတ်ဒဏ်ရာ မဖြစ်အောင်ပြန်လည်ပြုစုပျိုးထောင်မှာဖြစ်လို့ မိဘတွေအင်မတန်ပေါ့လျော့တယ်။ အလုပ်လုပ်ရင်းနဲ့ ကလေးကြည့်လို့ရပါတယ်။ ဒါကလေးနဲ့မိဘကြားမှာ ကွာဟနေလို့၊ လစ်ဟာနေလို့ ခဏလေးအတွင်းမှာ ကလေးပိုက်ထဲကျသွားတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ကလေးရှိမိခင် ဖခင်များအတွက် အင်မတန်သင်ခန်းသာရစရာဖြစ်ကြောင်းနှင့် နောက်နောင်ယခု ဖြစ်ရပ်မျိုးမဖြစ်ရအောင်သတိပြုဆင်ခြင်ကြပါဟုလည်း ဦးမိုးကြိုးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်