Top News

သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်သုစန္ဒီ(ခ) အင်ဂအယ်ဘာဟာ့ အသက် (၉၁) နှစ်အရွယ်တွင် ကွယ်လွန်
24htopnews | January 20, 2025 1:12 AM CST

သီပေါမဟာဒေဝီဟောင်းတစ်ဦးဖြစ်သည့် သြစတြီးယားနိုင်ငံသူ အင်ဂအယ်ဘာဟာ့ (ခေါ်) စဝ်သုစန္ဒီ ဖေဖော်ဝါရီ ၆ ရက်က အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

သူမသည် အမေရိကန်နိုင်ငံ ကော်လိုရာဒို အမျိုးသမီးကောလိပ်တွင် ပညာဆည်းပူးနေစဉ်အတွင်း သီပေါစော်ဘွားစဝ်ကြာဆိုင်နှင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အမေရိကန်၌ပင် နှစ်ဦးလက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

အိမ်ထောင်ကျပြီးနောက် သီပေါစော်ဘွားစဝ်ကြာဆိုင်နှင့်အတူ ရှမ်းပြည်နယ် သီပေါမြို့သို့ လိုက်ပါလာကာ သီပေါဒေသအပါအဝင် ရှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးများကို ခင်ပွန်းဖြစ်သူနှင့်အတူတကွ ကြိုးပမ်းခဲ့သူဖြစ်သည်။ စဝ်ကြာဆိုင်နှင့် စဝ်သုစန္ဒီတို့တွင် မာယာရီနှင့် ကိန္နရီအမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

၁၉၆၂ ခုနှစ် အစိုးရအပြောင်းအလဲတွင် သီပေါပြည်နယ်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော စဝ်ကြာဆိုင် ဖမ်းဆီးခံရပြီး ဇနီးဖြစ်သူ စဝ်သုစန္ဒီကို အကျယ်ချုပ် နှစ်နှစ်ချထားခဲ့ကြောင်း သိရသည်။

၁၉၆၄ ခုနှစ်တွင် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် မိဘများနှင့်အတူ ဩစတြီးယားနိုင်ငံတွင် နှစ်နှစ်ကြာနေထိုင်ခဲ့ပြီး အမေရိကန်သို့ ပြောင်းရွှေ့ခဲ့သည်။

အမေရိကန်တွင် ကွယ်လွန်ချိန်အထိ အခြေချနေထိုင်ကာ ကျောင်းဆရာအသိအမှတ်ပြုလက်မှတ် ရယူနိုင်ခဲ့ပြီးနောက် Boulder junior အထက်တန်းကျောင်းနှင့် Fairview အထက်တန်းကျောင်းများတွင် ဂျာမန်ဘာသာသင်ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၁၉၆၈ ခုနှစ်တွင် Boulder မြို့သား Tad Sarg ent နှင့် ဒုတိယအိမ်ထောင် ထူထောင်ခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ၁၉၉၃ ခုတွင် အငြိမ်းစားယူခဲ့ကြောင်း သိရသည်။

သီပေါမာဟာဒေဝီ စဝ်သုစန္ဒီသည် မြန်မာဒုက္ခသည်များကို ကူညီရန်အတွက် Burma Lifeline အဖွဲ့ကို ဒုတိယ ခင်ပွန်းဖြစ်သူ Tad နှင့် ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ကုလသမဂ္ဂမှ ပေးအပ်သည့် United Nations Association International Human Rights ဆုကို ၂၀၀၀ ပြည့်နှစ်တွင်ရရှိခဲ့သည်။

သီပေါမဟာဒေဝီ စဝ်သုစန္ဒီသည် သူမ၏ မဟာဒေဝီဘဝနေ့ရက်များကို Twilight over Burma: My Life as a Sha n Princess အမည်ဖြင့် ၁၉၉၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး ထိုဇာတ်လမ်းကို The Last Mahadevi အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားအဖြစ် ၂၀၀၀ ပြည့်နှစ်တွင် ရိုက်ကူးခဲ့‌ကြောင်း သိရသည်။


READ NEXT
Cancel OK