Top News

ရေဖြူမြို့နယ်တွင် ဗုဒ္ဓသာသနရက္ခိတကျောင်းတိုက်မှ မော်တော်ယာဉ် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိ
24htopnews | January 20, 2025 1:12 AM CST

ထားဝယ် - ရေးကားလမ်း ရေဖြူမြို့နယ် နှမ်းကျဲကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီခန့်က ရားဖူးရွာသစ် ဗုဒ္ဓသာသ နရက္ခိတကျောင်းတိုက်မှ မော်တော်ယာဉ်အား လက်နက်ကိုင်များက ပစ်ခတ်မှုကြောင့် ကျောင်း ထိုင်ဆရာတော်ပျံလွန်တော်မူကာ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦး သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“မနေ့ (ဖေဖော်ဝါရီ ၆ ရက်) မွန်းလွဲ ၃ နာရီလောက်မှာ သေနတ်သံတွေ ဆက်တိုက် ကြားလိုက်ရတယ်။ အသံတွေ တိတ်သွားတော့ မှ သွားကြည့်တော့ ရားဖူးရွာသစ်ကျောင်းတိုက်က Hijet ကားလို့သိရတယ်။ ကားပေါ် မှာ ဆရာတော်အပါအဝင်ရှစ်ဦး လိုက်ပါလာ တာလို့ သိရတယ်။ ကားက ထားဝယ်ဘက်က နေ ရေဖြူမြို့ဘက်ကိုလာတဲ့အချိန်မှာ အပစ်ခံ ရတာပါ။ ကားခေါင်းခန်းမှာ ဆရာတော်က သေနတ်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူနေတာ တွေ့ရတယ်။ နောက်ခန်းမှာ အမျိုးသမီးတစ် ယောက်လည်း သေဆုံးနေတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့်အပစ်ခတ်ခံရပြီး ပျံလွန်ခဲ့ သည့် ဆရာတော်မှာ ရားဖူးရွာသစ် ဗုဒ္ဓသာသ နရက္ခိတကျောင်းတိုက်ဆရာတော် ဦးဥက္ကဋ္ဌ ဖြစ်ကြောင်းနှင့် ယာဉ်နောက်ခန်းတွင်သေဆုံး ခဲ့သည့်အမျိုးသမီးမှာ အသက် ၆၅ နှစ်ရှိ ဒေါ် အုန်းမြင့်ဆိုသူဖြစ်ကြောင်း၊ ယာဉ်မောင်းဖြစ် သူ ဦးသန်းထွေး (၆၀ နှစ်) ၊ ယာဉ်ပေါ်လိုက်ပါ လာသူများဖြစ်သည့် မောင်မိုးသူရအောင် (၁၈ နှစ်)၊ မသင်းရနံ့လှိုင် (၁၂ နှစ်)၊ မနန်းမိုး (၂၃ နှစ်) နှင့် ကလေးငယ်နှစ်ဦးမှာလည်း သေ နတ်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဒဏ်ရာရရှိသူများအနက် ကလေးငယ် နှစ်ဦးအား ရေဖြူမြို့နယ် ကလိန်အောင်ဆေး ရုံသို့ ပို့ဆောင်ပေးထားပြီး ကျန်လေးဦးမှာ ဒဏ် ရာပြင်းထန်သည့်အတွက် ဇမ္ဗူသီရိ၊ ရင်ခုန်သံ၊ ဇဟာအားမာန်၊ မောင်မယ်မေတ္တာ၊ ဖြူစင် မေတ္တာ (ကလိန်အောင်) အစရှိသော ထားဝယ် ခရိုင်အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ် ရေးအသင်းများမှယာဉ်များဖြင့် ထားဝယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက် ညပိုင်း ကလည်း ပုလောမြို့နယ်အတွင်း မြိတ် - ထား ဝယ်ကားလမ်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သဘာဝတရားရိပ်သာမှ သံဃာ တော်နှစ်ပါး၊ သီလရှင်သုံးပါး၊ ဒါယကာ/ဒါ ယိကာမ ၁၁  ဦး၊ စုစုပေါင်း ၁၆ ဦးလိုက်ပါလာ သည့် Hi Jet မော်တော်ယာဉ်နှစ်စီးမှာ ပု လောမြို့နယ် ကဒဲကျေးရွာလမ်းဆုံအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး ယာဉ် ပေါ်လိုက်ပါလာသည့် သံဃာတော်တစ်ပါး ပျံလွန်တော်မူကာ လူသုံးဦး ဒဏ်ရာများရရှိခဲ့ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ဘိုဘိုမြင့်

 

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်တော်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-CJ)


READ NEXT
Cancel OK