
ကမ္ဘာ့အဆင့် ၄ အမေရိကန်တင်းနစ်သမား တေလာဖရစ်ဇ်က သြစတြေးလျအိုးပင်းပြိုင်ပွဲ ပထမအဆင့်အတွက်ရရှိသည့် ဆုကြေးကို လော့စ်အိန်ဂျလိစ်တောမီးလောင်ကျွမ်းမှုအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး လော့စ်အိန်ဂျလိစ်မြို့သမိုင်းတစ်လျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။ သို့ဖြစ်ရာ တေလာဖရစ်ဇ်က သြစတြေးလျအိုးပင်း ပထမအဆင့်အတွက် ရရှိမည့်ဆုကြေး သြစတြေးလျဒေါ်လာ ၁၃၂၀၀၀ (ပေါင် ၆၇၀၀၀) ကို လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၆ ရက်က ချီလီကစားသမား ခရစ္စတီယန်ဂါရင်ကို အနိုင်ရသည့် ဒုတိယအဆင့်ပွဲစဉ်အပြီးတွင် ၎င်းက "ဒီလို ရူးချင်စရာဖြစ်ရပ်တွေကနေ အားလုံးကို ဘေးကင်းစေချင်ပါတယ်။ ပထမအဆင့်အတွက်ရရှိမယ့် ကျွန်တော့်ရဲ့ဆုကြေးကို LA တောမီးကယ် ဆယ်ရေးရန်ပုံငွေအတွက် လှူဒါန်းသွားမှာပါ။ ကျွန်တော်လုပ်နိုင်တာက အနည်းဆုံးပါပဲ။ ကယ်လီဖိုးနီးယားတောင်ပိုင်းက ကျွန်တော့်ရဲ့ အိမ်ပါပဲ။ LA က ကျွန်တော့်ရဲ့အိမ်ဖြစ်ခဲ့တာ တော်တော်ကြာပါပြီ။ အဲဒါကြောင့် တတ်နိုင်သလောက် အကူအညီပေးနိုင်ဖို့ ကျွန်တော် လုပ်နေပါတယ်" ဟု ပြောကြားခဲ့သည်။
ကိုကိုဂေါ့ဖ်၊ ပယ်ဂူလာ၊ ရှီအွန်တက် စသည့် နာမည်ကြီးတင်းနစ်မယ်များကလည်း ၎င်းတို့၏ ပထမအဆင့်နိုင်ပွဲကို LA နှင့် မီးသတ်သမားများအတွက် ရည်စူးကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်