Top News

ဘိုင်ယန်မြူးနစ်တောင်ပံတိုက်စစ်ကစားသမား ဆာနေးအား ခေါ်ယူရန် လီဗာပူးလ်အသင်းကို ကစားသမားဟောင်း ဒန်နီမာဖီ တိုက်တွန်း
24htopnews | January 19, 2025 11:12 PM CST

 

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဒန်နီဖာဖီက ဘိုင်ယန်မြူးနစ်တောင်ပံတိုက်စစ်ကစားသမား ဆာနေးအား ခေါ်ယူရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဆာနေးသည် ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် ပြည်ပကလပ်အသင်းများနှင့် အကြိုစာချုပ် ချုပ်ဆိုခွင့်ရှိနေသူဖြစ်သည်။ 

လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်သည့် ဆာနေးအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများနှင့် ပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေကြပြီး ယင်းထဲတွင် လီဗာပူးလ်အသင်းလည်း ပါဝင်နေကြောင်း သိရသည်။ ဘိုင်ယန် မြူးနစ်အသင်းသည် လာမည့် ၂၀၂၅ နွေရာ သီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရမည့် ဆာနေးအား ယခုဇန်နဝါရီတွင် ယူရိုသန်း ၃၀ ဖြင့် ရောင်းထုတ်ရန် အသင့်ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။ 

လီဗာပူးလ်အသင်းအနေဖြင့် လာမည့်နွေတွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည့် အဓိကတိုက်စစ်ကစားသမား ဆာလာကို ဆုံးရှုံးရဖွယ်ရှိနေပြီး အခြားတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဒီယက်ဇ်နှင့်လည်း စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာအဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။ ယင်းအနေအထားတွင် လီဗာပူးလ်အသင်းအနေဖြင့် လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရှိနေသည့် ဘိုင်ယန်မြူးနစ်တောင်ပံတိုက်စစ်ကစားသမား ဆာနေးကို ခေါ်ယူရန် ပစ်မှတ်ထား နေခြင်းဖြစ်သည်။ 

ယခုအခါ ဒန်နီမာဖီက ဘယ်၊ ညာတောင်ပံတိုက်စစ်နှစ်ဖက်စလုံးတွင် ကစားနိုင်သည် ဆာနေးသည် လီဗာပူးလ် အသင်းနှင့် ကိုက်ညီမည့်သူဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒန်နီမာဖီက "ဆာနေးက ပြောင်မြောက်တဲ့ စွမ်းရည်ရှိသူဖြစ်ပြီး လီဗာပူးလ်အသင်းမှာ ကစားမယ်ဆိုရင် ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်။ ဆာနေးက ဘယ်ညာတောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားလည်း ဖြစ်ပါတယ်။ ပြီးတော့ ဆာနေးက သူ့ကစားသမားဘဝတစ်လျှောက် ထိပ်တန်းအသင်းကြီးတွေမှာပဲ ကစားခဲ့တာပါ။ ဆာနေးက ကျွန်တော် ကြိုက်တဲ့ ကစားသမားဖြစ်သလို လီဗာပူးလ်အသင်းရဲ့ လိုအပ်ချက်နဲ့ ကွက်တိကိုက်ညီတဲ့ ကစားသမားလည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဒန်နီမာဖီက ဆာနေးအနေဖြင့် ခြေစွမ်းတစ်သတ်မတ်တည်း မရှိသော်လည်း လီဗာပူးလ်သို့ ရောက်လာပါက ထိပ်တန်းခြေစွမ်းပြနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။ "ဆာနေးရဲ့ ခြေစွမ်းတစ်သတ်မတ်တည်း မရှိတဲ့အပေါ် လူတွေ မေးခွန်းထုတ်ကြပါတယ်။ ဒါပေမဲ့ သူက စက္ကန့်ပိုင်းအတွင်း ပွဲကိုပြောင်းလဲနိုင်သူပါ။ လီဗာပူးလ်က ဆာနေးနဲ့ အရမ်းကိုက်ပြီး လီဗာပူးလ်မှာဆိုရင် သူ ခြေစွမ်းပြနိုင်မှာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK