Top News

ဂါနာချိုအား ခေါ်ယူူရန်အတွက် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရမည်ဟု နာပိုလီအသင်း ယုံကြည်နေ
24htopnews | January 19, 2025 11:12 PM CST

 

နာပိုလီအသင်းသည် မန်ယူတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုအား ခေါ်ယူူရန်အတွက် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရမည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။ 

နည်းပြ အာမိုရင်မ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဂါနာချိုသည် ယခုဇန်နဝါရီတွင် မန်ယူအသင်း ရောင်းချမည့် ကစားသမားစာရင်း၌ ပါဝင်နေသူဖြစ်သည်။ ဂါနာချိုကိုယ်တိုင်ကလည်း မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေမှုအပေါ် စိတ်ပျက်နေပြီး ယခုအခါ နာပိုလီသို့ပြောင်းရွှေ့ရန် မီးစိမ်းပြခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။ 

နာပိုလီအသင်းသည် ဂါနာချိုအတွက် မန်ယူအသင်းကို ယူရို (၄၅)သန်းဖြင့် ကမ်းလှမ်းခဲ့သလို၊ ကစားသမားကိုလည်း ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။ မန်ယူအသင်းသည် အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုအတွက် နာပိုလီအသင်း၏ ယူရို (၄၅)သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။ 

မန်ယူအသင်းသည် ဂါနာချို(၂၀ နှစ်)ကို ရောင်းထုတ်ရန် စီစဉ်ထားသော်လည်း နာပိုလီအသင်း၏ ကမ်းလှမ်းမှုမှာ ၎င်းတို့ မျှော်မှန်းထားသည့် စျေးနှုန်းနှင့် ကွာဟနေသည့်အတွက် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နာပိုလီအသင်းသည် ဂါနာချိုအား တစ်နှစ်လစာ ယူရို (၃)သန်းပေးမည်ဟု ကမ်းလှမ်းထားပြီး ကစားသမားဘက်က ယူရို (၄)သန်း တောင်းဆိုထားသော်လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရမည်ဟု ယုံကြည်နေခြင်းဖြစ်သည်။ 


READ NEXT
Cancel OK