
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လက်နက် ကိုင်ပဋိပက္ခများက ပိုမိုပြင်းထန်လာသည်။
ယခင်က တိုက်ပွဲများ မဖြစ်ဖူးသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲ များ ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင် ဦး ရေမှာလည်း တစ်နှစ်ထက်တစ်နှစ် ပို၍မြင့် တက်လာသည်။
လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေသည်။
ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ပြင်း ထန်လာမှုကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းခန့်ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီလ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီက စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းခွဲခန့်သာ ရှိခဲ့သော်လည်း သုံးနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၃ ဒသမ ၅ သန်းအထိ တိုးမြင့်လာခဲ့သည်။
ထိုအရေအတွက်သည် နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံ$ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်ဦးရေ ငါးဆကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။
လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း မြန် မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်ဦးရေ ၄ ဒသမ ၅ သန်း အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂက ခန့် မှန်းထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခ သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအ နက် ၁၂ ခုတွင် တိုက်ရိုက်သက်ရောက်မှုရှိ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန် မာနိုင်ငံကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တစ်ကမ္ဘာလုံး၌ ပဋိပက္ခဖြစ်ပွားမှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ယင်းသည် အရပ်သားများအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်ကာ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည် ပဋိပက္ခနှင့် ကြုံတွေ့နေရ ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင် ရာညှိနှိုင်းရေးရုံး (UNOCHA) က ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲများ ပြင်း ထန်လာမှုကြောင့် အရပ်သားများအနေဖြင့် အိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်းပြုသည့် နေရာမှ ထွက်ပြေးရသည့်အရေအတွက်မှာ စံချိန်တင်မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြ ရသည်။
တစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ပြည် တွင်း ရွှေ့ပြောင်းဒုက္ခသည်များ (IDP) ဦးရေ ၇၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး အများစုမှာ အကြိမ်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
ရွှေ့ပြောင်းဒုက္ခသည် အများအပြား သည် ယာယီအမိုးအကာများ၊ စခန်းများ သို့မ ဟုတ် တောတောင်များတွင် နေထိုင်နေကြရ ပြီး စားနပ်ရိက္ခာ၊ ရေသန့်၊ ကာကွယ်ရေးအကူ အညီနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုး ရွားစွာ ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း ကုလသမဂ္ဂက ဆိုသည်။
အရပ်သားများအနေဖြင့် အကြမ်းဖက် မှုများ၊ သွားလာခွင့် ကန့်သတ်ချက်များ၊ ခြိမ်း ခြောက်မှုများနှင့် မလုံခြုံမှုများကိုလည်း ကြုံ တွေ့နေရကြောင်း UNOCHA က ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း လေ ကြောင်း တိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ ပါဝင် သည့် တိုက်ပွဲများကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများလည်း မြင့်တက်လာခဲ့ကြောင်း UNOCHA က ထုတ် ပြန်သည်။
ထိုသို့ ပိုမိုဆိုးရွား၊ ကျယ်ပြန့်လာသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ၂၀၂၄ ခု နှစ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးများ အတွက် စိန်ခေါ်မှုများစွာရှိခဲ့သော နှစ်တစ် နှစ်လည်း ဖြစ်ခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခသည် ကလေးသူ ငယ်များ၏ အခွင့်အရေးအပေါ် ချိုးဖောက်မှု များ တိုးလာပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေး သူငယ်များအတွက် ဆိုးရွားသော အခြေအ နေများကို ဖန်တီးနေကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။
မြန်မာကလေးငယ် ခြောက်သန်းခန့် သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃ ဒသမ ၅ သန်းနီးပါး ၏ သုံးပုံတစ်ပုံခန့် (၃၃ ရာခိုင်နှုန်းကျော်) မှာလည်း ကလေးများဖြစ်ကြောင်း ကုလသ မဂ္ဂက ထုတ်ပြန်ထားသည်။
အရပ်သားအများစုနေထိုင်ရာဒေသ များတွင် မြေမြှုပ်မိုင်းများ အသုံးပြုခြင်း၊ လေ ကြောင်းတိုက်ခိုက်မှုများနှင့် အခြားသေဆုံး စေနိုင်သည့် လက်နက်များကို တိုးမြှင့်အသုံးပြု လာမှုကြောင့် ကလေးများအတွက် လုံခြုံသည့် နေရာများ နည်းပါးလာစေကြောင်း ကုလ သမဂ္ဂက ဆိုသည်။
စာသင်ကျောင်းများ၊ ဆေးရုံများနှင့် က စားကွင်းများသည်လည်း အလားတူ တိုက် ခိုက်မှုများ၏ ပစ်မှတ်များ ဖြစ်လာခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း အရှိန်အဟုန်မြင့် လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ယင်းအ ရေအတွက်သည် တစ်နေ့လျှင် ကလေး နှစ်ဦး ထက်ပို၍ သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းလည်း ဖြစ်ကြောင်း unicef Myanmar က ထုတ် ပြန်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက် ပစ္စည်း ကြွင်းကျန်များ (ERW) ကြောင့် အနည်း ဆုံး ကလေး ၂၅၀ ခန့် သေဆုံးဒဏ်ရာရရှိခဲ့ပြီး အဆိုပါကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း unicef Myanmar က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း ဒေသကြီး အားလုံးနီးပါးသည် မြေမြှုပ်မိုင်း များ၊ စစ်လက်နက်ပစ္စည်း ကြွင်းကျန်များ (ERW) များနှင့် ပျံ့နှံ့နေသဖြင့် ကလေးများအတွက် အလွန်ကြီးမားသော အန္တရာယ်များ ဖြစ်ပေါ် လာစေကြောင်း unicef Myanmar က ထောက်ပြထားသည်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေ မြှုပ်မိုင်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက် သေဆုံးသူ အများဆုံးဖြစ်ခဲ့ကြောင်း မြေမြှုပ် မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါအချက်အလက်သည် မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံး နေရာတွင် သုံးနှစ်ဆက် ရပ်တည်ခဲ့သည့် ဆီး ရီးယားနိုင်ငံကို မြန်မာနိုင်ငံက ကျော်လွန်၍ ထိပ်ဆုံးသို့ ရောက်လာခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိရာတွင် မြန်မာနိုင်ငံမှ ထိခိုက် သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။
ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံ တွင် မြေမြှုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်း များကြောင့် လူပေါင်း ၁၉၈၈ ဦး သေဆုံးပြီး ၃၆၆၃ ဦး ဒဏ်ရာရရှိကာ ထိုအရေအတွက် သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်းလည်းဖြစ် သည်။ ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာ ခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ လွန်စွာကြီးမားသော အန္တရာယ် များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး အစရှိသည့် အရေးကြီးဝန်ဆောင် မှုများ ကျယ်ကျယ်ပြန့်ပြန့် ပျက်ပြားလာခြင်း နှင့် ကျဆင်းလာသော စီးပွားရေးအခြေအနေ များကြောင့် မြန်မာကလေးများ၏ နေ့စဉ်ဘဝ သည် ယခင်နှစ်များထက် ပိုမိုဆိုးရွားလာကြောင်း unicef Myanmar က ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးများအ နေဖြင့် ဘေးကင်းစွာနှင့် စာသင်ကြားရန် အ ခွင့်အလမ်းများ ပိုမိုနည်းပါးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိ နှိုင်းရေးရုံး (့UNOCHA) က ထုတ်ပြန်သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာ နိုင်ငံမှ ကလေးသူငယ်ဦးရေ ၁ ဒသမ ၃ သန်း ကို ပညာရေး အကူအညီပေးရန် ရည်မှန်းထား ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ကလေးငယ် တစ်သန်းကျော် သည် အရေးကြီးသော ကာကွယ်ဆေးထိုးခြင်း များကို လက်လွတ်ဆုံးရှုံးနေရပြီး မြန်မာနိုင်ငံ သည် တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေး လုံးဝ မရရှိသော ကလေးများ၏ ဗဟိုချက်မတစ်ခု ဖြစ်လာကြောင်း unicef Myanmar က ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့ကလေးငါးသန်းကျော် သည် ပညာသင်ခွင့် အခွင့်အလမ်းများကို ဆုံးရှုံးနေရပြီး ထိုအခြေအနေများကြောင့် ကလေးများသည် အတင်းအကျပ် စစ်သားစု ဆောင်းခံရခြင်း၊ အသက်မပြည့်မီ သို့မဟုတ် အတင်းအကျပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံး စားပြုခြင်း အစရှိသော ကြီးလေးသော အခွင့် အရေး ချိုးဖောက်မှုများကို တွေ့ကြုံခံစားနေ ရကြောင်းunicef Myanmarက ထုတ်ပြန် သည်။
ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် ဝင်ရောက် ကူညီခွင့်ကန့်သတ်ချက်များ ရှိနေသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ယူနီဆက်အနေဖြင့် ၎င်းင်းတို့၏ မိတ်ဖက်များ၊ ဒေသခံနှင့် ရပ်ရွာအ ခြေပြုအဖွဲ့အစည်းများနှင့်အတူ ရောက်ရှိရန် ခက်ခဲသော ဒေသများရှိ ထိခိုက်လွယ်ဆုံးနှင့် အထိခိုက်ခံရဆုံး ကလေးများအတွက် အရေး ပေါ်အကူအညီများနှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ကလေးများအတွက် ရန်ပုံငွေသည် လိုအပ် သော ပမာဏ၏ ၂၃ ရာခိုင်နှုန်းသာ လက်ခံ ရရှိခဲ့ကြောင်း unicef Myanmar က ပြော ကြားသည်။
ထိုကဲ့သို့ ရန်ပုံငွေလိုအပ်ချက်များပြား မှုများကြောင့် ယူနီဆက်အကူအညီများ၏ အတိုင်းအတာနှင့် လွှမ်းခြုံမှုမှာ လွန်စွာအ ခက်အခဲရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
၂၀၂၅ ခုနှစ်သို့ ရောက်ရှိလာသော်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ကလေးများအတွက် တိုးပွားလာသော လိုအပ် ချက်များကို အရေးပေါ်ဖြေရှင်းရန်နှင့် အ သက်ရှင်သန်ရေးအတွက် အထောက်အကူ ပေးနိုင်ရန် အချိန်မီ၊ လုံလောက်ပြီး လိုက်လျော ညီထွေသော ရန်ပုံငွေသည် အရေးကြီးလာပြီး မြန်မာ့ကလေးငယ်များ၏ ရှင်သန်ရပ်တည် ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပိုမိုကောင်း မွန်သော အနာဂတ်အတွက် ရဲရင့်သော၊ စုပေါင်းဆောင်ရွက်မှုကို ယခင်ကထက် ပိုမိုလို အပ်လာနေပြီဖြစ်ကြောင်း unicef Myanmar က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်