
ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးများသည့် ဆေးဝါးများတင်သွင်းခွင့် One Time Permit အတွက် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် လာရောက်လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
ယင်းမှ OSS သို့ ဆက်လက်ပေးပို့ပြီး ထိုမှတစ်ဆင့် FDA သို့ပေးပို့လျက်ရှိကြောင်း၊ လျှောက်ထားပြီး သတ်မှတ်ချက်များ ပြည့်စုံကိုက်ညီမှုရှိပါက ၄၈ နာရီအတွင်း FDA မှ Permit ထုတ်ပေးလျက်ရှိကြောင်း၊ ခြွင်းချက်အနေဖြင့် အချို့ကန့်သတ်ဆေးဝါးများ လျှောက်ထားလာပါက အချိန်အနည်းငယ် ကြန့်ကြာမှုရှိနိုင်ကြောင်း သိရသည်။
စျေးကွက်အတွက် ဆေးဝါးများ မပြတ်လပ်စေရေး၊ စျေးနှုန်းမမြင့်မားစေရေးနှင့် ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ UMFCCI Task Force နှင့် ဆေးဝါးတင်သွင်းနေသည့်ကုမ္ပဏီများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
UMFCCI Task Mask သည် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သက်ဆိုင်ရာကော်မတီ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီများ ရင်ဆိုင်နေရသည့်အခက်အခဲများကို ပူးပေါင်းဆောင်ရွက်ကူညီပေးနိုင်ရေး၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ သုံးလတာကာလအတွင်း စျေးကွက်အခြေအနေ၊ မြေပြင်အချက်အလက်များနှင့် ကုမ္ပဏီများမှ တင်ပြမှုများကို စုစည်း၍ Demand နှင့် Supply ကို အတတ်နိုင်ဆုံး မျှတအဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး၊ ဆေးဝါးတင်သွင်းမှုနှင့်စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့ရသော Banking Issue နှင့် ငွေရေးကြေးရေးပိုင်းဆိုင်ရာများအတွက် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးနှင့် စျေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စျေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန် ချောမွေ့စေရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ထားသည်။
ပြည်ပမှဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲမရှိစေရေး၊ စျေးကွက်အတွင်း ဆေးဝါးများ မပြတ်လပ်စေရေး၊ အရည်အသွေးစျေးနှုန်း မှန်ကန်စေရေးတို့အတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန် ချောမွေ့စေရေးအဖွဲ့ (Task Force) ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက ရန်ကုန်လုပ်ငန်းအဖွဲ့ (Task Force) ဖုန်း - ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅၉၆၃၂၇ နှင့် ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကော်မတီရုံးဖုန်း ၀၆၇-၄၀၈၄၁၉၊ ၀၉၄၂၀၇၀၃၆ -၆၁၆ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်