
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်မှုအနေဖြင့် ဇူလိုင်လအတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး သေဆုံးသူများပြားခဲ့ကာ ဇူလိုင်လသည် ကိုဗစ်တတိယလှိုင်း၏ ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။
ထို့ပြင် ဇူလိုင်လကုန်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် COVID-19 ရောဂါ သံသယဖြင့် သေဆုံးသူ အများအပြားရှိခဲ့ပြီး ပြည်သူ့ဆေးရုံများ၌ ခုတင်မလုံလောက်မှု၊ အချို့ပုဂ္ဂလိက ဆေးရုံများတွင် တက်ရောက်ကုသခွင့်မရရှိမှု စသည်တို့ကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသရသဖြင့် သေဆုံးသူအဆမတန် မြင့်တက်ခဲ့သည်။
COVID-19 ရောဂါ လက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့၊ အရသာပျောက်ခြင်းအပြင် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးစသည့် ရောဂါအခံရှိသူများတွင် ခံစားရသည့် အောက်ဆီဂျင်ရာခိုင်နှုန်း ၉၀ အောက်ကျဆင်းမှုကြောင့် အောက်ဆီဂျင်ရှူရသူ အများအပြားရှိခဲ့ပြီး အောက်ဆီဂျင် မလုံလောက်မှုများကြောင့် အသက်ဆုံးရှုံးရသူများလည်း ရှိခဲ့သည်။
ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်သေဆုံးမှုနှုန်း မြင့်တက်မှုအခြေအနေ
မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်ခဲ့သည့် မေလကုန်ပိုင်းမှာ စတင်ကာ ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ ရက်အလိုက် ပိုးတွေ့ရာခိုင်နှုန်းများမှာ မေ ၂၇ ရက်တွင် ၅ ဒသမ ၃၇ ရာ ခိုင်နှုန်း၊ မေ ၂၈ ရက်တွင် ၅ ဒသမ ၈၅ ရာခိုင်နှုန်း၊ မေ ၂၉ ရက်တွင် ၃ ဒသမ ၈၇ ရာခိုင်နှုန်း၊ မေ ၃၀ ရက် တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ မေ ၃၁ ရက်၌ ၃ ဒသမ ၃ ရာခိုင်နှုန်း တွေ့ရှိခဲ့ပြီး သေဆုံးသူတစ်ဦးသာ ရှိခဲ့သည်။
ထို့ပြင် ဇွန်လတွင်လည်း ပိုးတွေ့ရှိမှု လေးရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းနီးပါးအထိ နေ့စဉ်မြင့်တက်ခဲ့ပြီး သေဆုံးသူမှာလည်းတစ်ဦးမှ ၁၄ ဦးအထိ မြင့်တက်ခဲ့သည်။
ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှုနှုန်း နေ့စဉ်မြင့်တက်ခဲ့ပြီး ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဇူလိုင် ၁ ရက်တွင် ၂၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇူလိုင် ၂ ရက်တွင် ၂၀ ဒသမ ၄ ရာခိုင်နှုန်း၊ ဇူလိုင် ၃ ရက်တွင် ၂၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဇူလိုင် ၄ ရက်တွင် ၂၂ ဒသမ ၃၄ ရာခိုင်နှုန်း၊ ဇူလိုင် ၅ ရက်တွင် ၂၆ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဇူလိုင် ၆ ရက်တွင် ၂၈ ဒသမ ၀၇ ရာခိုင်နှုန်း၊ ဇူလိုင် ၇ ရက်တွင် ၂၆ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇူလိုင် ၈ ရက်တွင် ၂၇ ဒသမ ၆၈ ရာခိုင်နှုန်း၊ ဇူလိုင် ၉ ရက်တွင် ၂၇ ဒသမ ၄၃ ရာခိုင်နှုန်း၊ ဇူလိုင် ၁၀ ရက်တွင် ၂၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဇူလိုင် ၁၁ ရက်တွင် ၃၄ ဒသမ ၂၁ ရာခိုင်နှုန်း၊ ဇူလိုင် ၁၂ ရက်တွင် ၃၄ ဒသမ ၇၄ ရာခိုင်နှုန်း၊ ဇူလိုင် ၁၃ ရက်တွင် ၃၄ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဇူလိုင် ၁၄ ရက်တွင် ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဇူလိုင် ၁၅ ရက်၌ ၃၇ ဒသမ ၉၂ ရာခိုင်နှုန်း၊ ဇူလိုင် ၁၆ ရက်တွင် ၃၄ ဒသမ ၁၆ ရာခိုင်နှုန်း၊ ဇူလိုင် ၁၇ ရက်တွင် ၃၉ ဒသမ ၁၂ ရာခိုင်နှုန်း၊ ဇူလိုင် ၁၈ ရက်တွင် ၃၆ ဒသမ ၄၇ ရာခိုင်နှုန်း၊ ဇူလိုင် ၁၉ ရက်၌ ၃၇ ဒသမ ၂၉ ရာခိုင်နှုန်း၊ ဇူလိုင် ၂၀ ရက်၌ ၃၆ ဒသမ ၈၂ ရာ ခိုင်နှုန်း၊ ဇူလိုင်၂၁ရက်တွင် ၃၆ ဒသမ ၇၃ ရာခိုင်နှုန်း၊ ဇူလိုင် ၂၂ ရက်တွင် ၃၈ ဒသမ ၈၄ ရာခိုင်နှုန်း၊ ဇူလိုင်၂၃ ရက်တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇူလိုင်၂၄ ရက်တွင် ၃၆ ဒသမ ၈၃ရာခိုင်နှုန်း၊ ဇူလိုင် ၂၅ ရက် တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်း၊ ဇူလိုင် ၂၆ ရက်တွင် ၃၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ ဇူလိုင်၂၇ ရက်တွင် ၃၆ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဇူလိုင်၂၈ ရက်တွင် ၃၆ ဒသမ ၁၈ ရာခိုင် နှုန်း၊ ဇူလိုင်၂၉ ရက်တွင် ၃၄ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဇူလိုင် ၃၀ ရက်တွင် ၃၆ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇူလိုင် ၃၁ ရက်တွင် ၃၄ ဒသမ ၂၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လအတွင်း နေ့စဉ်သေဆုံးသူဦးရေ ၁၃ ဦးမှ ၃၀၀ ကျော်အထိ မြင့်တက်ခဲ့သဖြင့် ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်း အမြင့်ဆုံးလ ဖြစ်ခဲ့သည်။
ဇူလိုင်လအတွင်း နေ့အလိုက် သေဆုံးသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှုအရ ဇူလိုင် ၁ ရက်တွင် သေဆုံးသူ ၁၃ ဦး၊ ဇူလိုင်၂ ရက်တွင် ၁၇ ဦး၊ ဇူလိုင် ၃ ရက်တွင် ၂၀ ဦး၊ ဇူလိုင် ၄ ရက်တွင် ၃၅ ဦး၊ ဇူလိုင် ၅ ရက်တွင် ၄၂ ဦး၊ ဇူလိုင် ၆ ရက် ၅၂ ဦး၊ ဇူလိုင် ၇ ရက်တွင် ၅၇ ဦး၊ ဇူလိုင် ၈ ရက်တွင် ၅၁ ဦး၊ ဇူလိုင် ၉ ရက်တွင် ၆၄ ဦး၊ ဇူလိုင် ၁၀ ရက်တွင် ၇၁ ဦး၊ ဇူလိုင် ၁၁ ရက်တွင် ၈၂ ဦး၊ ဇူလိုင် ၁၂ ရက်တွင် ၈၉ ဦး၊ ဇူလိုင် ၁၃ ရက် ၌ ၁၀၉ ဦး၊ ဇူလိုင် ၁၄ ရက်တွင် ၁၄၅ ဦး၊ ဇူလိုင် ၁၅ ရက်တွင် ၁၆၅ ဦး၊ ဇူလိုင် ၁၆ ရက်တွင် ၁၉၀၊ ဇူလိုင် ၁၇ ရက်တွင် ၂၃၃ ဦး၊ ဇူလိုင် ၁၈ ရက်တွင် ၂၃၁ ဦး၊ ဇူလိုင် ၁၉ ရက်တွင် ၂၈၁ ဦး၊ ဇူလိုင် ၂၀ ရက်တွင် ၂၈၆ ဦး၊ ဇူလိုင် ၂၁ ရက်တွင် ၂၄၇ ဦး၊ ဇူလိုင်၂၂ ရက်တွင် ၃၁၉ ဦး၊ ဇူလိုင် ၂၃ ရက်တွင် ၃၂၆ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ၂၉၇ ဦး၊ ဇူလိုင် ၂၅ ရက် တွင် ၃၅၅ ဦး၊ ဇူလိုင် ၂၆ ရက်တွင် ၃၉၆ ဦး၊ ဇူလိုင် ၂၇ ရက်တွင် ၃၃၈ ဦး၊ ဇူလိုင် ၂၈ ရက်တွင် ၃၆၅ ဦး၊ ဇူလိုင် ၂၉ ရက်တွင် ၃၄၂ ဦး၊ ဇူလိုင် ၃၀ ရက်တွင် ၃၉၀ ဦး၊ ဇူလိုင် ၃၁ ရက်တွင် ၃၉၂ ဦး စုစုပေါင်း သေဆုံးသူဦးရေ ၆၀၀၀ ရှိခဲ့သည်။
အလားတူ ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် နေ့စဉ်အမျှ မိမိနေအိမ်များတွင်ပင် ဖျားနာခြင်း၊ အောက်ဆီဂျင်ကျခြင်းစသည့် COVID-19 ရောဂါသံသယဖြင့် သေဆုံးသူများစွာရှိနေပြီး သုသာန်များတွင် သင်္ဂြိုဟ်ရန်စောင့်ဆိုင်းရမှုများက နေ့စဉ်အမျှဖြစ်ပေါ်ခဲ့ကာ နေ့စဉ်သေဆုံးသူ ထောင်ဂဏန်းဝန်းကျင်ရှိကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
သြဂုတ်လ ပထမပတ်တွင်လည်း COVID-19 တွေ့ရှိမှု ၃၀ ရာခိုင်နှုန်းဝန်းကျင်ရှိနေပြီး သြဂုတ် ၁ ရက်မှ သြဂုတ် ၆ ရက်အထိ ခြောက်ရက်အတွင်း သေဆုံးသူ ၁၉၀ ကျော်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရသည်။
သြဂုတ် ၁ ရက်တွင် သေဆုံးသူ ၃၉၇ ဦး၊ သြဂုတ် ၂ ရက်တွင် ၃၃၀ ဦး၊ သြဂုတ် ၃၁၂ ဦး၊ သြဂုတ် ၄ ရက်တွင် ၃၂၂ဦး၊ သြဂုတ် ၅ ရက်တွင် ၂၉၃ ဦး၊ သြဂုတ် ၆ ရက်တွင် ၂၇၄ဦး ရှိခဲ့ပြီး ခြောက်ရက်အတွင်း ၁၉၂၈ ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့နှုန်းမှာ သြဂုတ် ၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၃၄ ဒသမ ၇၃ ရာခိုင်နှုန်း၊ သြဂုတ် ၂ ရက်တွင် ၂၉ ဒသမ ၇၆ ရာခိုင်နှုန်း၊ သြဂုတ် ၃ ရက်တွင် ၃၃ ဒသမ ၀၆ ရာခိုင်နှုန်း၊ သြဂုတ် ၄ ရက်တွင် ၃၀ ဒသမ ၀၆ ရာခိုင်နှုန်း၊ သြဂုတ် ၅ ရက်တွင် ၂၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ သြဂုတ် ၆ ရက်တွင် ၃၀ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
COVID-19 ကုသရေးစင်တာများ ဖွင့်လှစ်မှုအခြေအနေ
လူဦးရေ သိပ်သည်းသည့် ရန်ကုန်မြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်သူ အများဆုံးစာရင်းတွင် ပါဝင်ခဲ့ပြီး ဇွန်လဆန်းမှ စတင်ကာ COVID-19 ကူးစက်မှု မြင့်တက်ခဲ့သဖြင့် လှည်းကူး (ဖောင်ကြီး) စင်တာ၊ ဗိုလ်တထောင်၊ မရမ်းကုန်း အင်းလျားစင်တာ၊ MCC စင်တာ၊ ရိုးမရိပ်သာစင်တာ စသည့်တို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
COVID-19 ကူးစက်ခံရသည့် Positive လူနာများ ဆေးရုံတက်ခွင့်မရခင် Waiting List စောင့်နေစဉ်အတွင်း တက်ရောက်နိုင်မည့် ယာယီကုသရေးစင်တာလေးခု ဇူလိုင် ၂၇ ရက်တွင် စတင်ဖွင့်လှစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက ပြောကြားထားသည်။
COVID-19 လူနာ သံဃာတော်များအတွက် မင်းဓမ္မသာသနာ့ဗိမာန်တွင် စီစဉ်ဆောင်ရွက်နေပြီး သံဃာတော်၂၀၀ ပါး ထားရှိမည် ဖြစ်သည်။
COVID-19 လူနာပြည်သူများအတွက် ယာယီကုသရေးစင်တာလေးခုမှာ လှိုင်စင်တာတွင် ဦးရေ ၆၀၀၊ ရန်ကင်း ပညာရေးကောလိပ်စင်တာတွင် ဦးရေ ၆၀၀၊ ယဉ်ကျေးမှု တက္ကသိုလ်စင်တာတွင်ဦးရေ ၃၅၀၊ အောင်မြင့်မိုရ်စင်တာတွင် ပထမအဆင့်ဦးရေ ၆၀၀ ထားရှိကာ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောင်မြင့်မိုရ် စင်တာတွင်မူ လူနာ၂၀၀၀ အထိ တစ်ဆင့်ချင်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစင်တာတွင် တက်ရောက်ကုသမည့် လူနာများအတွက် နေထိုင်စားသောက်ရေးများ၊ ကုသရေးလုပ်ငန်းပိုင်းမှ ဆရာဝန်၊ သူနာပြုနှင့် စေတနာ့ဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေးနှင့် ချီးမြှင့်ငွေများကို လေးကျွန်းသူ ဖောင်ဒေးရှင်းက လှူဒါန်းသွားမည်ဖြစ်ပြီး စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက လေးကျွန်းသူ ဖောင်ဒေးရှင်း- ၀၉-၅၀၁၀၃၄၉၊ ၀၉-၅၀၂၃၂၅၃၊ ၀၉-၄၂၁၀၁၁၃၁၁ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာကို သြဂုတ် ၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ခုတင် ၆၀၀ ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါ စင်တာတာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါစင်တာ၌ သုံးထပ်ကုသဆောင် နှစ်ခုပါရှိမည်ဖြစ်ပြီး လူနာ ၆၀၀ ခန့်ကို ကုသမှုပေးနိုင်မည်ဖြစ်ကာ ဆရာဝန်အင်အား ၁၀ ဦးခန့်၊ သူနာပြုအင်အား ၂၀ ခန့်၊ စေတနာ့ဝန်ထမ်း ၈၀ ခန့်ဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း၊ စင်တာတွင် ICU (၁၂) ခုတင် ပါဝင်မည်ဖြစ်သည်။
လူနာလက်ခံမှုများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနများက စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာသို့ တက်ရောက်၍ ကုသမှုခံယူရမည်ဖြစ်ကာ စင်တာအနေဖြင့် လူနာတိုက်ရိုက်လက်ခံ၍ မရကြောင်း သိရသည်။
လတ်တလောတွင် လူနာစတင်လက်ခံနေသော်လည်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ၍ မရသေးကြောင်း၊ ခုတင်အရေအတွက် စီစဉ်နေမှုများ၊အောက်ဆီဂျင်သွယ်တန်းမှုများ၊ အောက်ဆီဂျင် Plant တည်ဆောက်မှုကိစ္စရပ်များ အကုန်ပြီးစီးသွားပါက လူနာများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆရာဝန်များနှင့် သူနာပြုများမှာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများမဟုတ်ဘဲ ပြင်ပဆရာဝန်၊သူနာပြုများကို ချီးမြှင့်ငွေဖြင့် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်-ရန်ကင်း COVID-19 ကုသရေးစင်တာကို လေးကျွန်းသူဖောင်ဒေးရှင်း၏ ဦးဆောင်လှူဒါန်းမှုဖြင့် ဆန်လုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ ပဲနှမ်းလုပ်ငန်းရှင် များအသင်း အပါအဝင် မဟာမိတ်အသင်းငါးသင်း၊ စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံများအနက် ကန်တော်ကြီး မျက်စိကုဆေးရုံ၊ ကြည့်မြင်တိုင်အရိုးဆေးရုံ၊ တောင်ဥက္ကလာ မိခင်ကလေး ဆေးရုံများကို COVID-19 ဆေးရုံအဖြစ် ပြောင်းလဲလိုက်ကြောင်း၊ ရန်ကုန်အနောက်ပိုင်းဆေးရုံနှင့် အရှေ့ပိုင်းဂန္ဒီ ဆေးရုံ၊ ဂျပန်ဆေးရုံသစ်ကြီးများရှိ ၉၆ ပါးရောဂါစုံဖြင့် ဆေးရုံတက်နေသည့် လူနာများကို ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေပြီး ယင်းဆေးရုံများကို ကိုဗစ်ဆေးရုံများအဖြစ် ပြောင်းလဲကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူ သုဝဏ္ဏ (ကမာကြည်) COVID-19 ကုသရေး ITEM Center ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး သူနာပြုနှင့် Volunteer များ၊ စေတနာ့ဝန်ထမ်းများအား ဖိတ်ခေါ်မှုများရှိသည်။
ထို့ပြင် မန္တလေးမြို့၊ ချမ်းမြသာစည် လေဆိပ်ဟောင်းအတွင်း ၂၀၄ ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖွင့်လှစ်ခဲ့သည့်ယာယီ ကိုဗစ်ကုသရေးစင်တာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းခြင်းဖြစ်ကြောင်းသိရပြီး တည်ဆောက်မှုများကို ဇူလိုင်လဆန်းပိုင်းမှစတင်ကာ တစ်လအတွင်း အပြီးတည်ဆောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချမ်းမြသာစည် ကိုဗစ်စင်တာတွင် တစ်ရက်လျှင် Mild & Moderate Cases လူနာအယောက် ၃၀ နှုန်းဖြင့် နေ့စဉ်လက်ခံသွားမည်ဖြစ်ကြောင်းသိရပြီး ကိုဗစ်လူနာ တက်ရောက်ကုသရေးအပိုင်းကို သက်ဆိုင်ရာတိုင်းကျန်းမာက စီမံခန့်ခွဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်စင်တာ၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအပိုင်းများကို ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး စင်တာ၏ နေ့စဉ်လိုအပ်သည့် အောက်ဆီဂျင်များ၊ လူနာ၊ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများအတွက် အစားအသောက်၊ အာဟာရများနှင့် ဝန်ထမ်းအယောက် ၅၀ ခန့်၏ စားဝတ်နေရေးလုပ်ငန်းစဉ်များကို ယင်းကော်မတီက တာဝန်ယူလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ကိုဗစ်အတည်ပြုလူနာများကို ပြည်သူ့ဆေးရုံကြီး၊ တိုင်းရင်းဆေးရုံ၊ အလုပ်သမားဆေးရုံ၊ သံဃာ့ဆေးရုံ (၆၂-လမ်း)၊ သံဃာ့ဆေးရုံ (ကန်တော်ကြီး) အမျိုးသမီးဆေးရုံ၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ၊ ကင်ဆာဆေးရုံ စသည့်နေရာငါးခုတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး ခုတင် ၃၀၀ ဆံ့ အရိုးအထူးကုဆေးရုံကိုလည်း ထပ်မံတိုးချဲ့ကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကာကွယ်ထိန်းချုပ်မှုနှင့်အတူ ကာကွယ်ဆေးထိုးနှံမှု အခြေအနေ
COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းမှာ ကူးစက်မှုနှင့် သေဆုံးနှုန်းကို အကောင်းဆုံး တားဆီးပေးနိုင်မှုတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံရန်အစီအစဉ်အနေဖြင့် ဇူလိုင်တွင် တရုတ်နိုင်ငံမှ Sinopharm နှင့် Sinovac ကာကွယ်ဆေး Dose သုံးသန်း ရောက်ရှိထားပြီး သြဂုတ်လအတွင်း နောက်ထပ် ကာကွယ်ဆေး Dose သုံးသန်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင်လတွင် ရောက်ရှိခဲ့သည့် ကာကွယ်ဆေးသုံးသန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ပို့ဆောင်ထားပြီး အသက် ၆၅ နှစ် အထက် အဘိုးအဘွားများကို ဦးစားပေးထိုးနှံလျက်ရှိပြီး COVID-19 ရောဂါကာကွယ်ဆေးထိုး စီမံချက် Myanmar National Vaccine Deployment Plan အရ ဦးတည်အုပ်စုများ သတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးမည်ဖြစ်သည်။
“ကာကွယ်ဆေးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကို ရပ်တန့်နိုင်ဖို့ လက်နက်တစ်ခုဟုတ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးနှံနိုင်ဖို့ကအရေးကြီးသလို အခြားတစ်ဖက်ကလည်း COVID-19 စည်းကမ်းတွေကို လိုက်နာဖို့ ထပ်တူထပ်မျှ အရေးကြီးပါတယ်။ ကာကွယ်ဆေးထိုးပြီးလည်း COVID-19 စည်းကမ်းတွေ မလိုက်နာဘူး ဆိုရင်တော့ ရောဂါပြန်လည်ဖြစ်ပွားနိုင်ပါတယ်” ဟု ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
COVID-19 ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်သည် အလွယ်တကူ ကူးစက်စေတတ်ပြီး ကူးစက်မှု အလွန်လျင်မြန်သဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုလိုအပ်နေသည်။
ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရမှု၊ ဆေးရုံတက်ရောက်ရမှုတို့မှ ရာခိုင်နှုန်း ၉၀ နှင့်အထက် ကာကွယ်ပေးနိုင်ကြောင်း၊ သို့သော် ရောဂါကူးစက်ခံရခြင်းမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်မပေးနိုင်ဘဲ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါဖြစ်လျှင် ပြင်းထန်စွာ ဖြစ်ပွားနိုင်သည့် လူအုပ်စုများကို တားဆီးကာကွယ်ပေးနိုင်ခြင်းဖြင့် သေဆုံးမှု လျော့ကျစေနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac ကာကွယ်ဆေးများသည် WHO ၏ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများဖြစ်ပြီး ဗီဇပြောင်းပိုးများကိုလည်း ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ကြောင်း သိရသည်။
“တစ်ခုသတိထားရမှာက ကာကွယ်ဆေးများသည် ကပ်ရောဂါကို ရပ်တန့်စေနိုင်သည်မဟုတ်ဘဲ ကာကွယ်ဆေးထိုးခြင်းကသာ ကပ်ရောဂါကို ရပ်တန့်စေနိုင်သည်ကို သဘောပေါက်ရန်လိုအပ်ပါတယ်။ ယခုလိုလုပ်ဆောင်နိုင်စေရန် စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းသော မျှတသည့် ကာကွယ်ဆေးဖြန့်ဖြူးမှုစနစ် လိုအပ်ပါတယ်။သို့မှသာ တိုင်းပြည်တိုင်းတွင် လူအုပ်စုများထံသို့ ကာကွယ်ဆေးများ ပိုမိုရရှိပြီး ပိုမိုကာကွယ်ပေးရန် ပိုမိုအရေးကြီးပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ကာကွယ်ဆေးများကို များများနှင့်မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဝယ်ယူထားသည့် ကာကွယ်ဆေးလေးသန်းနှင့် တရုတ်နိုင်ငံက လှူဒါန်းသည့် ကာကွယ်ဆေးနှစ်သန်းလည်း အသုတ်လိုက်ခွဲရောက်ရှိနေပြီဖြစ်ကာ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးနှစ်သန်းလည်း မကြာမီ အသုတ်လိုက် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
“အခုကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်မျိုးကွဲတွေ အမျိုးမျိုးပေါ်နေပါတယ်။ COVID-19 ဗိုင်းရပ်စ်မျိုးကွဲတွေမပေါ်ဖို့ သူတို့တွေကို ဖြတ်တောက်နိုင်ဖို့ အဓိကလုပ်ဆောင်ရမှာက ကူးစက်မှုကို ဖြတ်တောက်ဖို့ပါ။ ဒီလိုဖြတ်တောက်ရာမှာ ကာကွယ်ဆေးထိုးခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးတွင် အရေးပါသည့် ကာကွယ်ဆေးများကို ဆောင်ရွက်ပေးနေသကဲ့သို့ အခြားတစ်ဖက်မှာလည်း ပြည်သူလူထုကို ကာကွယ်ဆေးထိုးနှံနိုင်ရေး ပုဂ္ဂလိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ၊ အာရှဒေသတွင်း ထိုးနှံဆောင်ရွက်နေသော အရည်အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် COVID-19 ရောဂါကာကွယ်ဆေးများကို ၎င်းတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးုခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက သတ်မှတ်အထောက်အထားများဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်နေသည့် အချိန်တွင် ပုဂ္ဂလိကအခန်းကဏ္ဍမှလည်း တစ်ဖက်တစ်လည်းမှ အားဖြည့်ပါဝင်ကူညီဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားထိန်းချုပ်မှုကို လျော့ကျစေနိုင်ပြီး ပြည်သူများကလည်း ရရှိလာသည့် ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေပြည့်ထိုးနှံရန် လိုအပ်ကြောင်း သိရသည်။
“ကာကွယ်ဆေးထိုးထားပြီးပြီ အခြားကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ မလိုဘူးလားဆိုရင်လိုပါသေးတယ်။ ကာကွယ်ဆေးတွေက ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပါဘူး။ ကာကွယ်ဆေးထိုးလိုက်လို့ ၁၀၀ ရာခိုင်နှုန်း ရောဂါမဖြစ်တော့ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ၁၀၀ ထဲမှာမှ အချို့သောသူတွေဟာ ကိုယ်ခံအားနည်းမယ်။ ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာတဲ့သူတွေမှာ ပြန်ကူးစက်နိုင်ပါတယ်။ ကူးစက်ပေမဲ့ ဆိုးရွားစွာမဖြစ်ပါဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းနှင့်အတူ အခြားသော COVID-19 စည်းကမ်းများဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လူအုပ်စုများကို ရှောင်ကြဉ်ခြင်း၊ ချောင်းဆိုး၊ နှာချေလျှင် အုပ်ဆိုးခြင်း၊ လေကောင်းလေသန့်ရသည့်နေရာတွင် နေထိုင်ခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုလျှင် မကြာခင်အချိန်အတွင်း COVID-19 ရောဂါကို ကောင်းစွာအနိုင်ယူ ထိန်းချုပ်နိုင်ပြီး အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
လက်ရှိတွင် ပြည်သူများ ကိုဗစ်တတိယလှိုင်းနှင့် ရင်ဆိုင်နေရချိန်တွင် COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် မိမိ၌ ကုသနေရခြင်းထက် ကုသရေးစင်တာများတွင် ဆရာဝန်၊ သူနာပြုများနှင့် ကုသနိုင်ရေးအတွက် ကုသရေးစင်တာ၏ အခန်းကဏ္ဍမှာများစွာ အရေးပါပြီး COVID-19 ရောဂါကို တားဆီးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုနှင့် စည်းကမ်းလိုက်နာမှုမှာ လွန်စွာအရေးကြီးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်