
မွန်ပြည်နယ်အတွငး ရေကြီးစဉ်က မြင်ကွင်း (Photo: ဘိုဘိုဝင်း Rescue Team)
လက်ရှိ ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ ဆေးပညာရှင်တွေ၊ ဆရာဝန်တွေ၊ နာ့စ်တွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေ၊ ကြက်ခြေနီနဲ့တခြားသော သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ အခန်းကဏ္ဍက အဓိကကျသလို Volunteer တွေအဖြစ် ပူးပေါင်းကူညီဆောင်ရွက်ပေးနေကြတဲ့ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍကလည်း ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
Isolation Ward တွေပြင်ဆင်တာ၊ Positive လူနာတွေကြိုတာ၊ ပို့တာ၊ Contact Person တွေကိုလိုက်ခေါ်တာ။ ဆေးဖျန်းတာစတဲ့ လုပ်ငန်းတွေကို ပရဟိတလူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့တွေက ဆောင်ရွက်ပေးနေကြသလို အခုနောက်ပိုင်း ပိုမိုပြင်းထန် တဲ့ COVID-19 ကူးစက်ကပ်ရောဂါအခြေ အနေတွေကြောင့် သေဆုံးလူနာတွေ များ ပြားလာတဲ့အတွက် ပရဟိတလူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့တွေက Dead Body တွေ ကူညီသယ်ဆောင်ပေးတာ၊ သင်္ဂြိုဟ်ပေး တာတွေအထိကို ဆောင်ရွက်ပေးလာကြရ ပါတယ်။ အဲဒီအပြင် လူနာတွေအတွက်ကို လည်း လိုအပ်တဲ့ အောက်ဆီဂျင်ရရှိနိုင်ရေး ရှာဖွေ၊ စီမံဆောင်ရွက်ကြရတာတွေလည်း ရှိပါတယ်။
ယခုလို မိုးရာသီ ကာလအတွင်းမှ ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နေပါသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် မွန်ပြည်နယ်အနှံ့မှာ ရေကြီးရေလျှံမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးတော့ နေအိမ် အဆောက်အအုံတွေ ပျက်စီးတာ၊ လူသေဆုံးတာတွေအထိ ဖြစ်ခဲ့ပါတယ်။
သဘာဝဘေး ဖြစ်ပွားနေတဲ့အချိန်မှာလည်း ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့လို သက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ရှေ့ တန်းကနေ ဆောင်ရွက်ပေးကြရပြန်ပါတယ်။ လက်ရှိ ကပ်ရောဂါဘေးနဲ့အတူ သဘာဝဘေးတွေဖြစ်ပေါ်လာချိန်မှာ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေအနေ နဲ့ ရှိတဲ့အင်အားလေးတွေနဲ့ အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးနေတာကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဒီလိုကာလမျိုးမှာ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေရဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကလည်း အများကြီးရှိ ကြမှာပါ။
“ဘီးလင်းမြို့နယ်အတွင်းမှာက လက်ရှိမှာ COVID-19 ကတစ်ဖက်၊ အခု မိုးတွေ ကလည်း ဆက်တိုက်ကိုရွာနေတယ်။ ဘီး လင်းမြစ်ရေကလည်း စိုးရိမ်ရေအမှတ်နားကို ရောက်လိုက်၊ နည်းနည်းပြန်ကျသွားလိုက်နဲ့ ပေါ့လေ။ မိုးသာဆက်ရွာနေမယ်ဆိုရင် ရေ ကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်ပေါ့လေ။ ရေကြီးရေလျှံမှုဖြစ်လာရင်လည်း ကယ်ဆယ် ရေးအတွက် စက်တပ်လှေတွေ ဘာတွေတော့ အဆင်သင့်ပြင်ထားပါတယ်။ အတတ်နိုင်ဆုံး လည်း ကူညီလုပ်ဆောင်ပေးသွားဖို့ ပြင်ဆင် ထားပါတယ်”လို့ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုဖြစ်လေ့ရှိတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးစန်းနိုင်က ပြောပါတယ်။
၎င်းင်းကဆက်လက်ပြီး “COVID-19 နဲ့ ပတ်သက်လို့လည်း တစ်ဖက်တစ်လမ်းက လုပ်နေရတာလည်းရှိနေတယ်။ အခု သဘာဝ ဘေးဖြစ်လာမယ်ဆိုရင်တော့ ဒီလိုပဲ လူတွေ ခွဲပြီး လုပ်ဆောင်ပေးသွားမှာပါ။ ဒါပေမဲ့ လည်း ကပ်ဘေးရော၊ သဘာဝဘေးရော ဆိုင် လာမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တော့ အခက်အခဲလေးတွေတော့ ရှိလာနိုင်ပါ တယ်။ လိုအပ်ချက်တွေကတော့ မပြောတော့ ပါဘူး။ လတ်တလောမှာ COVID-19 အရေးဆောင်ရွက်တဲ့အခါမှာတော့ PPE ဝတ်စုံပြည့်ဝတ်ကြရတယ်။ ဇူလိုင်လနောက် ဆုံးပတ်ထဲက ရေဘေးကယ်ဆယ်ရေးလုပ် ပေးရတုန်းကတော့ Mask တွေတပ်၊ လက် အိတ်တွေ စွပ်ပြီးလုပ်ပေးကြရတာပေါ့လေ။ လတ်တလောမှာတော့ PPE ဝတ်စုံတွေ၊ Mask တွေ၊ လက်အိတ်တွေ၊ Hand Gel တွေ လိုအပ်ချက်တွေကတော့ ရှိနေပါတယ်။ ဒါကလည်း နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတွေ ဖြစ်နေလို့ပါ”လို့ ဆိုပါတယ်။
COVID-19 နဲ့ပတ်သက်ပြီး ဘီးလင်းမြို့နယ်အတွင်းမှာ စစ်သမျှလူတိုင်းက Positive ဖြစ်နေသည့်အတွက် မစစ်ရဲလောက်အောင်ဖြစ်နေကြောင်း၊ လက်ရှိ ဘီးလင်း မြို့နယ်အတွင်းမှာပင် ပိုးတွေ ့လူနာ ၇၀၀ ကျော်နဲ့ ဓာတ်ခွဲအတည်ပြုလူနာ သေဆုံးသူ စာရင်းကလည်း ၆၀ လောက်ဖြစ်နေကြောင်း ကို ဦးစန်းနိုင်ရဲ့ ပြောကြားချက်တွေအရ သိ ရပါတယ်။
“ဘာပဲဖြစ်ဖြစ်ပေါ့လေ။ COVID-19 ပဲ ဖြစ်ဖြစ်၊ သဘာဝဘေးပဲ ဖြစ်ဖြစ် ကျွန်တော် တို့လို ပရဟိတသမားတွေ၊ လူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့တွေ အားလုံးက တက်တက်ကြွကြွ ရှိနေကြပါတယ်။ ကျွန်တော်တို့ ပရဟိတသမားတွေက လုပ်ပေးနိုင်တဲ့ အင် အားပဲရှိပါတယ်။ အဲဒီအတွက် ထောက်ပံ့ကူ ညီမှုတွေ များများရှိရင်တော့ ပိုကောင်းတာ ပေါ့ဗျာ။ ကလေး (ပရဟိတလုပ်ဆောင်နေ သည့်လူငယ်များ) တွေက COVID-19 အရေးစလုပ်ကြကတည်းက အိုးပစ်အိမ်ပစ် ပြီး လုပ်နေကြရတာလေ။ အဓိကကတော့ ကာကွယ်ရေးပစ္စည်းတွေပြည့်ပြည့်စုံစုံရှိစေချင်တယ်။ ဒါမှလည်း ရောဂါက တခြားသူ ကနေ မကူးစက်နိုင်သလို ကိုယ့်ဆီကလည်း တခြားသူတွေ မကူးစက်နိုင်မှာလေ”လို့ ဦးစန်းနိုင်က ဆိုပါတယ်။
အလားတူ လက်ရှိ ကပ်ရောဂါဘေးနဲ့ အတူ ရေကြီးရေလျှံမှုတွေ နှစ်စဉ်ဖြစ်ပွားလေ့ ရှိနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ် ခုဖြစ်တဲ့ ကျိုက်မရောလူငယ် ပရဟိတလူမှု ကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ ကိုစောထူးလေးကလည်း “COVID-19 အရေးကတော့ စဖြစ်ကတည်းကကို လုပ်လာ တာပေါ့နော်။ First Wave တို့၊ Second Wave တို့တုန်းကတော့ တအားကြီးမပင်ပန်းရဘူး။ ဒီလိုပဲ လူနာတွေ ကြိုတာပို့တာ၊ ဆေးဖျန်းတာ စသည်ဖြင့်ပေါ့လေ။ ဆောင်ရွက်ပေးရတာ မျိုးလေးတွေပဲရှိတယ်။ အခု Third Wave လို့ ဆိုရမလား။ ဒီနောက်ပိုင်းမှာကျတော့ ကူး စက်မှုနှုန်းက အရမ်းများတဲ့အပြင်ကို သေဆုံး မှုနှုန်းကလည်း များတယ်။ ဒီကြားထဲမှာ ရပ် ကွက်တွေ၊ ကျေးရွာတွေထဲက COVID သံ သယလူနာတွေကိုပါ လိုက်ပြီး သယ်ယူရ တယ်။ သင်္ဂြိုဟ်ပေးရတာတွေလည်းရှိတယ်။ နေ့စဉ်ရက်ဆက်ပါပဲ”လို့ဆိုပါတယ်။
၎င်းင်းကဆက်လက်ပြီးတော့ “သဘာဝ ဘေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ကတော့ ကုန်းပေါ်မှာ ကားသုံးစီး၊ ရေစပ်မှာ စက်လှေ နှစ်စင်းပြင်ထားတယ်။ ဘယ်နေရာမှာပဲလို လို ကူညီမယ်ဆိုပြီးတော့ ရည်ရွယ်ထားတယ်။ မနက်ဆိုတာနဲ့ကျွန်တော့်ရုံးမှာ လူ ၁၅ ယောက်လောက် Stand By ထားထားတယ်။ ဘယ်နေရာတွေမှာ ဘာတွေကူညီလုပ်ဆောင် ပေးရမလဲပေါ့လေ။ Ready ထားထားပါ တယ်။ အခုက COVID-19 နဲ့ ပတ်သက်လို့ နာရေးပါ လုပ်ပေးရတာရှိတယ်။ ဓာတ်ခွဲ အတည်ပြုလူနာကို သင်္ဂြိုဟ်စက်ကို ပို့ရတာ လေးပဲ ပိုသွားတဲ့ သဘောရှိပါတယ်။ ကျန် တဲ့အပိုင်းက နှစ်တိုင်းလုပ်နေကျလိုဖြစ်နေပါ တယ်”လို့ ပြောပါတယ်။
“အခက်အခဲက ပေါင်းစုံရှိပေမဲ့ ဒီလိုပဲ ကျော်ဖြတ်သွားနေကြပါပဲ။ ပရဟိတလုပ်နေကြတယ်ဆိုတော့ ညည်းညူနေလို့တော့ မရ ဘူးလေ။ ဒီလိုပဲ ကိုယ့်ကလေး (ပရဟိတလုပ် ဆောင်နေသည့်လူငယ်များ) တွေကို “Fighting”လို့ စောထူးလေးက ဆိုပါ တယ်။
COVID-19 အရေး ဆောင်ရွက်နေကြသူတွေဟာ အသက်ကို ပဓာနမထားဘဲ လုပ်ဆောင်ပေးနေကြသူတွေလို့ ဆိုရမှာပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကပ်ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေး လုပ်ဆောင်ရွက်စဉ်အတွင်း အသက်ဆုံးရှုံးသွားရတဲ့ ပညာရှင်တွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများအပြားရှိသလို အသက်ပေးလိုက်ရတဲ့ Volunteer တွေလည်း အများအပြားရှိနေပါ တယ်။ ရောဂါကူးစက်ခံထားရသူတွေလည်း အများကြီးရှိနေပါတယ်။ အခက်အခဲပေါင်းစုံ နဲ့ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ ပရဟိတအဖွဲ့ တွေအနေနဲ့ သူတို့ရဲ့နောက်မှာ အလှူရှင်တွေ ရှိမှသာလျှင် ရဲရဲဝ့ံဝံ့ရှေ့ဆက်တိုးနိုင်ကြမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့က လိုအပ်ချက်တွေ အများကြီးရှိပေမဲ့ မြို့က ပြည်သူတွေက အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီထောက်ပံ့ပေးကြပါတယ်။ ကျန်တာကတော့ အသင်း ရန်ပုံငွေလေးနဲ့ ဆက်လုပ်နေကြတာပါ။ ကျွန် တော်တို့သထုံမြို့နယ်အတွင်းမှာက သံသယ လူနာတွေ သေဆုံးမှုနှုန်းကလည်း မြင့်တက် နေတယ်။ တစ်ရက်တစ်ရက်ကို သံသယလူ နာ ၁၀ ယောက်လောက်အထက်ကို သင်္ဂြိုဟ် ပေးရတယ်။ မိုးရာသီဆိုတော့ မိုးရွာနေရင် သင်္ဂြိုဟ်ရတဲ့ အခက်အခဲလေးရှိတယ်”လို့ မွန် ပြည်နယ် သထုံမြို့နယ်အတွင်းက ပရဟိတ လူမှုကူညီကယ်ဆယ်ရေးနှင့် နာရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ COVID-19 ကပ်ရောဂါဘေးအပြင်ကို သဘာဝဘေးဖြစ်ပွားခဲ့ရင်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးကြရပါတယ်လို့သိရပါတယ်။
“အဓိက သဘာဝဘေးဖြစ်လာရင်တော့ ကျွန်တော်တို့မှာက Tool တွေ မလုံလောက် ဘူးပေါ့နော်။ ကယ်ဆယ်ရေးဆောင်ရွက်မယ့် ပစ္စည်း၊ ကိရိယာလိုအပ်ချက်တွေကတော့ ရှိ ပါတယ်။ ရေဘေးဆိုရင်တော့ စက်လှေတို့ ဘာတို့ပေါ့။ အဲဒါတွေတော့ လိုအပ်ချက်ရှိပါ တယ်။ အခုက သဘာဝဘေးရော COVID-19 ကပ်ဘေးပါ နှစ်ခုစလုံး အပြိုင်ဖြစ်ရင် တော့ ကျွန်တော်တို့လို Volunteer တွေ အနေနဲ့က အရမ်းပင်ပန်းကြတယ်။ ကျွန်တော့်ဆီက ကလေးတွေဆိုရင် တစ်ရက်မှကို မနားကြရဘူး။ သဘာဝဘေးပါ ကြီးကြီးမား မားဖြစ်လာရင်တော့ မနိုင်မနင်းဖြစ်မှာပဲ စိုးရိမ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုအခက် အခဲတွေပဲ ရှိနေပါစေ။ ပရဟိတလုပ်နေကြ တာဆိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်ပေးသွားဖို့ဆုံးဖြတ်ထားပြီးသား ပါ”လို့ အဆိုပါ သထုံမြို့နယ် အတွင်းက ပရ ဟိတလူမှုကူညီကယ်ဆယ်ရေးနှင့် နာရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
COVID-19 ကပ်ဘေးအပြင်ကို သဘာဝဘေးပါ တွေ့ကြုံရတာနဲ့ပတ်သက်လို့ မော်လမြိုင်မြို့အရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအသင်းဒုဥက္ကဋ္ဌဖြစ်သူ ကိုဇင်မိုးက လည်း “COVID-19 ကလည်း ဆိုးဆိုးရွား ရွားဖြစ်နေတဲ့အချိန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှာ ကျွန်တော်တို့ မော်လမြိုင်မြို့မှာ ရေကြီးရေလျှံမှုဆိုတဲ့ သဘာဝဘေးကလည်း ဖြစ်လိုက်ပါသေးတယ်။ ကျွန်တော်တို့ရုံးမှာဆိုရင်လည်း COVID ကို ထိန်းချုပ်နိုင်ဖို့အတွက်ကို အဖွဲ့ တွေ အများကြီးခွဲပြီး လုပ်ဆောင်နေတယ်။ လူနာတွေ သယ်ဆောင်ဖို့တို့၊ Dead Body တွေ သယ်ဆောင်ဖို့၊ သင်္ဂြိုဟ်ဖို့၊ ဆေးဖျန်းဖို့၊ နောက် COVID ကုသဆောင်တွေမှာ Volunteer အဖွဲ့တွေ စသည်ဖြင့်ပေါ့နော်။ အဖွဲ့တွေခွဲပြီး လုပ်ဆောင်ပေးနေပါတယ်။ ဒီကြားထဲမှာ သဘာဝဘေးကလည်း ဖြစ်လိုက် သေးတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ ကပ်ဘေးရော၊ သဘာဝဘေးပါ နှစ်ခုစလုံး အင်ပြည့်အားပြည့်နဲ့အတတ်နိုင်ဆုံး ကူညီ ပေးနိုင်ခဲ့ပါတယ်။ အလှူရှင်တွေရဲ့ ပ့ံပိုးကူ ညီမှုလည်း အများကြီးပါဝင်ပါတယ်”လို့ဆို ပါတယ်။
COVID-19 ကပ်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေသည့်အပြင် သဘာဝဘေးဖြစ်ပွားပြီးနောက် စားသောက် စရာများ ဝေငှပေးခြင်း၊ ရိက္ခာခြောက်များ ဝေငှပေးခြင်း စသဖြင့် အလှူများ၏ ကိုယ်စား ကူညီဆောင်ရွက်ပေးနေတာများရှိကြောင်း နှင့် ဘက်ပေါင်းစုံကနေ အတတ်နိုင်ဆုံး ဖြည့် ဆည်းပေးနိုင်အောင် ကြိုးစားပေးနေပါ ကြောင်း ကိုဇင်မိုးက ဆိုပါတယ်။
“သဘာဝဘေးက ခန့်မှန်းလို့ မရတာ တွေလည်း ရှိမယ်။ တကယ်လို့ဖြစ်လာပြီ ဟေ့ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ ကယ် ဆယ်ရေးပစ္စည်းတွေ တောင့်တင်းနေဖို့လိုပါ မယ်။ သဘာဝဘေးဖြစ်တဲ့နေရာသွားနိုင်ဖို့က ကားတွေရဲ့ကြံ့ခိုင်မှုတွေလိုတယ်။ နောက် ပွင့်ပွင့်လင်းလင်းပြောရရင် ကားတွေရဲ့ ဆီဖိုး တွေပေါ့နော်။ အရေးပေါ်ကယ်ဆယ်ရေး တွေလုပ်ဆောင်နိုင်ဖို့အတွက်က စိန်ခေါ်မှု တွေတော့ရှိပါတယ်။ ဒါတွေကို ပြည်သူလူထု က ၀ိုင်းဝန်းကူညီပေးရင်တော့ ပိုပြီးတော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်”လို့ ကို ဇင်မိုးက ဆက်လက်ပြောကြားသည်။
ကပ်ဘေး၊ သဘာဝဘေးအပြင် လတ်တလော ပြည်သူများ၏ လိုအပ်ချက်တစ်ခု ဖြစ်နေသည့် အောက်စီဂျင် ရရှိဖြန့်ဝေနိုင် ရေးအတွက် စီမံဆောင်ရွက်မှုအခြေအနေနဲ့ ပတ်သက်လို့ မော်လမြိုင်မြို့နယ်အခြေစိုက် ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ ကိုနေမျိုးအောင်က လည်း “COVID-19 နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာက လူနာကြိုတာပို့တာတွေလုပ်ပေးနေတယ်။ နောက်ပြီးတော့ Dead Body တွေသယ်တာတွေရှိတယ်။ ဒါက လည်း အခုနောက်ပိုင်းမှာ နေ့တိုင်းထွက်နေ ရတာတွေရှိတယ်။ သဘာဝဘေးနဲ့ကျတော့ အနောက်မှာ အလှူရှင်တွေရှိရင် ရပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာက လုပ်အားပဲရှိတာလေ။ အဲဒီအပြင်ကို အောက်ဆီဂျင်ကိုရှာရတာလည်း လုပ်ငန်း စဉ်တစ်ခုအနေနဲ့ ထည့်ထားရပါသေးတယ်။ အောက်ဆီဂျင် လိုအပ်သူတွေအတွက်ကို လည်း နေ့စဉ်ပေးလှူနိုင်အောင် နည်းလမ်း ပေါင်းစုံနဲ့ပေါ့နော်။ ကြိုးစားပေးနေပါတယ်”လို့ ပြောပါတယ်။
လိုအပ်ချက်တွေ ဘယ်လိုပဲ ရှိနေပါစေ။ မိုးလင်းကနေ မိုးချုပ်အထိ PPE ဝတ်စုံဖြူဖြူ လေးတွေ ဝတ်ဆင်ပြီး အများပြည်သူတွေကြုံ တွေ့နေရတဲ့ ဘေးအန္တရာယ်ပေါင်းစုံကနေ ကျော်လွှာနိုင်ရေးအတွက် အသက်ကို ပဓာန မထားဘဲ ကူညီဆောင်ရွက်ပေးနေတဲ့သူ၊ သဘာဝဘေးဖြစ်ပေါ်လာရင်လည်း ရှေ့ တန်းက တက်တက်ကြွကြွ ဆောင်ရွက်ပေးနေတဲ့သူတွေ ဖြစ်ကြတဲ့ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေက သူရဲ ကောင်းတွေအားလုံး ဘေးဘယာတွေ ဝေးကွာကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်