
မွန်ပြည်နယ် ရေးမြို့နယ် အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ (၁၀၀၀) ဝန်းကျင်ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး စာသင်ကျောင်း ငါးကျောင်း ပိတ်ထားရကာ ကျောင်းသူ ကျောင်းသား (၄၀၀) ကျော် ကျောင်းမတက်နိုင် ဖြစ်နေကြောင်း ဒေသခံများ၏ ပြောကြးချက်များအရ သိရသည်။
ဇန်နဝါရီလ (၈) ရက်နေ့မှစတင်ကာ ရေးမြို့နယ် အရှေ့ဘက်ရှိ ကျုံလောင်းရွာဟောင်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ၌ တပ်မတော် နှင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် ကျုံလောင်း၊ ကျောင်းရွာ၊ ကျောက်မိချောင်း၊ ဝယ်ပေါင်နှင့် ဝယ်ဇင်ကျေးရွာ အစရှိသည့် ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကတည်းက စစ်ဘေးလာရှောင်နေတာပါ။ ကျုံလောင်းရွာဟောင်းဘက်ကို လက်နက်ကိုင်အဖွဲ့တွေရောက်လာကြတယ်။ ရွာတွေမှာ ဘယ်သူမှမနေရဲကြတော့ဘဲနဲ့ ရေးမြို့မှာ စစ်ဘေးလာရှောင်နေရတာပါ” ဟု ကျုံလောင်းကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
လတ်တလော နေရေးထိုင်ရေးနှင့် စားရေးသောက်ရေး အဆင်ပြေသော်လည်း အိုးအိမ်ပစ်ကာ စစ်ဘေးတိမ်းရှောင်လာရသည့်အတွက် ပိုင်ဆိုင်မှုများ ပျက်ဆီးဆုံးရှုံးသွားမှာကို စိုးရိမ်နေရကြောင်းလည်း ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် တိုက်ပွဲများဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ဓမ္မပါလကျေးရွာဘက်သို့ လည်း ထွက်ပြေးခိုလှုံနေကြရပြီး အမျိုးသမီး၊ ကလေးငယ် အများအပြားပါဝင်နေကြောင်း မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးစင်တာ (MRDC) မှ ဇန်နဝါရီလ (၁၂) ရက်နေ့ က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကျုံလောင်းရွာဟောင်းနှင့် အနီးဝန်းကျင်ရှိ ကျေက်မိချောင်းနှင့် ဝယ်ပေါင်ကျေးရွာမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေဿခံပြည်သူ (၄၀၉) ဦးအား စာရင်းကောက်ယူနိုင်ခဲ့ပြီး၊ ၎င်းတို့အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ နှင့် စားသောက်စရာများအပြင် ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့်လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးခဲ့ကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးစင်တာ (MRDC) က ထုတ်ပြန်ချက်အရ သိရသည်။
၎င်းအပြင် ရေးမြို့နယ် ကျုံလောင်ရွာဟောင်းကျေးရွာနှင့် အနီးဝန်ကျင်ဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲများကြေင့် ကျုံလောင်း၊ ကျောက်မိချောင်းကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်း (၂) ကျောင်းနှင့် ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင်ကျေးရွာများရှိ မွန်အမျိုးသား မူလတန်းကျောင်း (၃) ကျောင်းတို့အား ဇန်နဝါရီလ (၁၀) ရက်နေ့ကစပြီး ပိတ်ထားရကြောင်း သိရသည်။
ထိုတိုက်ပွဲကြောင့် အဆိုပါ စာသင်ကျောင်း (၅) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ကျော်တို့မှာ မိဘအုပ်ထိန်းသူများနှင့်အတူ စစ်ဘေးလွတ်ရာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင်၊ ကျောင်းဆရာ ဆရာမတို့ကလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း မွန်အမျိုးသားကျောင်းမှ ဆရာမတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ကျေးရွာများအနီးဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ကျေးရွာများအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေခြင်းများကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနှင့်လည်း မိဘအုပ်ထိန်းသူများနှင့်အတူ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့်အတွက်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းဖြစ်ကြောင်း မွန်အမျိုးသားကျောင်းမှ ဆရာမတစ်ဦးက ဆိုသည်။
“တိုက်ပွဲတွေဖြစ်နေတော့ ကျောင်းဆရာ၊ ဆရာမတွေလည်း နေလို့မရကြဘူးလေ။ အဲ့ဒီတော့ စာသင်ကျောင်တွေကို ပိတ်ထားလိုက်ရတာပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဖေဖော်ဝါရီလအတွင်း နှစ်ဆုံး အတန်းတင်စာမေးပွဲများကျင်းပရမည်ဖြစ်ပြီး၊ လက်ရှိစစ်ဘေးရှောင်နေရကြရသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပညာရေးအပိုင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထိခိုက်လာမည်ကို မိဘအုပ်ထိန်းသူနှင့် ကျောင်းတာဝန်ရှိသူများမှ စိုးရိမ်လျက်ရှိနေကြကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်