Top News

မြိတ်မြို့တွင်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အဆောက်အအုံ သုံးလုံးမီးလောင်ကျွမ်း
24htopnews | January 19, 2025 6:12 PM CST

မြိတ်မြို့တွင်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အဆောက်အအုံ သုံးလုံးမီးလောင်ကျွမ်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ မင်္ဂလာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် စတင်မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အဆောက်အအုံ သုံးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ်ရှိ ဦးတင်ယု(ခ)သံချောင်းဆိုသူ ဖြစ်ကြောင်း သိရသည်။

"အဲဒီအိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီးဆေးကြောင်နေတဲ့သူက မီးရှို့လိုက်တာဖြစ်မယ်၊ ကျွန်တော်တို့သိရလောက်က ကိုသံချောင်းနှင့်သူ့ညီတို့ညကစကားများခဲ့တယ်၊ မနက်အစောကြီး သုံးနာရီခွဲလောက်မှာ အဲဒီအိမ်ကနေမီးလောင်ပြီး ကိုသံချောင်းလည်းမီးထဲမှာသေဆုံးသွားတယ်၊ အခုမီးရှို့တဲ့သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိထားပြီလို့သိရတယ်၊ အရှေ့မှာရှိတဲ့ ပိုက်ဆိုင်နှင့်နေအိမ်တစ်လုံးလည်းမီးထဲပါသွားခဲ့ရတယ်၊ ညအချိန်ဆိုတော့လူတွေလွတ်အောင်ထွက်ပြေးရပြီး ဘာမှသယ်ထုတ်လို့မရလိုက်ကြဘူး"လို့ ရပ်ကွက်နေသူများကပြောကြားခဲ့သည်။ 

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်သောမီးသတ်တပ်ဖွဲ့များ၊မီးသတ်ရေယာဉ်များ၊ရေသယ်ကားများ၊တာဝန်ရှိသူများ၊ပရဟိတအသင်းများနှင့်ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့်နံနက် လေးနာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်အသေးစိတ်နှင့် လူသေဆုံးမှုအပေါ် တာဝန်ရှိသူများကစစ်ဆေးနေပြီး ဥပဒေအတိုင်းဆောင်ရွက်နေကြောင်းသိရသည်။

 


READ NEXT
Cancel OK