
မြန်မာနိုင်ငံမှ လူငယ်များအနေဖြင့် ၁၉၉၀ ပြည့်နှစ်ကျော်များမှ စတင်ကာပြည်ပ သို့ အလုပ်သွားရောက်လုပ်ကိုင်မှု ခေတ်စားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
အများစုသည် မလေးရှား၊ ထိုင်း အစရှိ သည့် ဒေသတွင်းနိုင်ငံများအပြင် ၂၀၀၀ ပြည့် နှစ်နောက်ပိုင်းတွင် စင်ကာပူ၊ ဂျပန်နိုင်ငံများ အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့လည်း သွားရောက်လုပ်ကိုင်ခြင်းများရှိခဲ့သည်။
နိုင်ငံရေး အပြောင်းအလဲဖြစ်သည့် နောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်မှု ပိုမို မြင့်တက်လာခဲ့သည်ဟု ဆိုနိုင်သည်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်း ပြီးနောက်ပိုင်းတွင် သွားရောက်လုပ်ကိုင်သည့် လူငယ်များ ပိုမိုမြင့်တက်လာခဲ့သည်ဟု ဆိုရ မည်ဖြစ်သည်။
ယင်းကြောင့် ၂၀၂၄ ခုနှစ် မေ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံမှ သွားရောက်လုပ်ကိုင် နေသည့် ပြည်ပလုပ်သားများအနက် အမျိုး သားများကို ထွက်ခွာခွင့်ပြုမှု ယာယီရပ်ဆိုင်း ထားလိုက်သည်ဟု အလုပ်သမားဝန်ကြီးဌာန က ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အသိပေးခဲ့သည်။
“ကုမ္ပဏီတွေကို ဘယ်လိုပြောသလဲဆို တော့ လောလောဆယ်တော့ စာမထွက်သေး တော့ တရားဝင် မဖြစ်သေးဘူးလို့ ပြောရမယ်” ဟု ပြည်ပ အလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မေလပိုင်းက ပြောကြား သည်။
ယခင်က အလုပ်သမားအေဂျင်စီများ နှင့် စာချုပ်ချုပ်ဆိုထားသည့် အလုပ်သမား အရေအတွက်သာ တင်ခွင့်ပြုထားပြီး ထပ်မံ တင်ပို့မည့် အလုပ်သမားခေါ်စာများကို ဝန် ကြီးဌာနဘက်က တင်ခွင့်မပေးတော့ကြောင်း အဆိုပါ ပြည်ပအေဂျင်စီက ပြောကြားသည်။
“အရင် စာချုပ်ချုပ်ထားတာတွေရှိတယ်။ အဲဒါတွေတော့ ရမယ်။ နောက်တိုး demand တွေ၊ နောက်ပိုင်း အလုပ်ခေါ်စာတွေမှာ အမျိုးသားတွေကို အလုပ်လုပ်ခွင့် မပေးတော့ ဘူး ပြောချင်တဲ့ သဘောမျိုးပေါ့” ဟု အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ဧပြီ ၃၀ ရက်က ပြုလုပ်သည့် အလုပ် သမားဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများ တွေ့ဆုံမှုတွင် အလုပ်သမား ဝန်ကြီးဌာနဘက်က အလုပ်သမားအသစ် များ demand လက်ခံမှုကို ယာယီရပ်ဆိုင်း သည်ဟု ပြောကြားထားကြောင်း၊ မေ ၁ ရက် မတိုင်မီ တရားဝင်သွားရောက်ခွင့် ရရှိထား သူများ မပါဝင်ကြောင်း အလုပ်အကိုင်အေ ဂျင်စီ အသိုင်းအဝိုင်းမှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်လုပ်ကိုင်လျက်ရှိသူများအနက် အမျိုးသားများကို သာ သွားရောက်လုပ်ကိုင်ခွင့် ယာယီပိတ်ထား ခြင်းဖြစ်ပြီး အမျိုးသမီးလုပ်သားများသွား ရောက်လုပ်ကိုင်ခွင့်ကို ပုံမှန်အတိုင်း ခွင့်ပြု ထားသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်း၏ ပြောကြားချက်များအရ သိရသည်။
“အမျိုးသမီးတွေကတော့ ပုံမှန်အတိုင်း ပဲ ခွင့်ပြုထားတယ်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် သတင်းအချက်အလက်များအရ အလုပ်သမားများကို ယာယီပိတ်ထားခြင်းဟု သာ ဖြေကြားထားသည်။
မေ ၁ ရက်မှစတင်ပြီး ပြည်ပသို့ အမျိုး သားလုပ်သားများ အလုပ်လုပ်ခွင့်ကို ပိတ် သိမ်းထားသည်ဟု သတင်းများထွက်ပေါ် နေမှုနှင့် ပတ်သက်ပြီး မီဒီယာအချို့က မေး မြန်းချက်များအပေါ် အလုပ်သမားဝန်ကြီး ဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မီဒီယာများကို ဖြေကြားထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက် လုပ်ကိုင်သူများမှာ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား အစရှိသည့်နိုင်ငံများသို့ အများ ဆုံးသွားရောက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် ၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ် ကိုင်သူ မြန်မာနိုင်ငံသား တစ်သိန်းခြောက် သောင်းကျော်ရှိကြောင်း အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့်အချက်အလက် များအရ သိရသည်။
ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ် အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ် သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့်အချက်အလက်များအရ ယခင်နှစ် ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်ကို တွေ့ရသည်။
လုပ်အားခများကို တရားဝင်လမ်းကြောင်းမှ၂၅ ရာခိုင်နှုန်း ငွေလွှဲပို့ရမည့်စနစ်
၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့အလုပ် သွားရောက်လုပ်ကိုင်သူများအတွက် ထပ်မံ ကြေညာခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ လုပ်အားခ များကို တရားဝင်ငွေလွှဲလမ်းကြောင်းမှတစ် ဆင့် အနည်းဆုံး ၂၅ ရာခိုင်နှုန်းလွှဲပြောင်းပေး ရမည့်အမိန့် ဖြစ်သည်။
စက်တင်ဘာ ၆ ရက်တွင် အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာတွင် ပြည်ပရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်း ကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် သတ်မှတ်ခြင်းအနေဖြင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ သည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့်လုပ်ခလ စာ၏အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ် ဖြင့် ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် RBL ရရှိသူများ ဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထား သော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်း များဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခ လစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး သုံးလလျှင်တစ်ကြိမ် သုံးလစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစု ဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
အဆိုပါနည်းလမ်းများအတိုင်း မိမိ၏မိသားစုဝင်များထံတရားဝင်လွှဲပို့ထားသော မိသားစုလွှဲပို့ငွေများကို တည်ဆဲဥပဒေများ နှင့်အညီ ဝင်ငွေရလမ်းဖော်ပြနိုင်သော ငွေအ ဖြစ် ခံစားခွင့်ရရှိနိုင်ရေး တရားဝင်လွှဲပြောင်း ပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာ တမ်းများကို သေချာစွာသိမ်းဆည်းထားရမည် ဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများသည် တရားဝင် ငွေလွှဲပေးပို့ ထားသည့် အထောက်အထားများကို မိမိအား တာဝန်ယူစေလွှတ်ခဲ့သည့် အေဂျင်စီထံသို့ မပျက်မကွက် မိတ္တူပေးပို့ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင် စင်ရ အေဂျင်စီများကလညး် မိမိစေလွှတ်ခဲ့ သည့် အလုပ်သမားများအား တရားဝင်ငွေလွှဲပြောင်းပေးပို့ရာတွင် လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေးလိုအပ်သည်များ ကူညီဆောင် ရွက်ပေးရမည့်အပြင် အလုပ်သမားများက လစဉ်လွှဲပို့သည့် အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ လချုပ်အဖြစ် အထောက်အထားများ ပူးတွဲလျက် မပျက် မကွက်တင်ပြရမည်ဖြစ်ကြောင်း ဝန်ကြီးဌာန က ဆိုသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ မိသားစု လွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည် ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့အလုပ်ဖြင့် ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ် ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် OWIC ထုတ်ပေးမှု မပြု ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့် ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သလို စိစစ် အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ် ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ အလုပ်သမားများ၏ ငွေလွှဲ များကို တင်ပြနိုင်ခြင်းမရှိသည့် ပြည်ပအလုပ် အကိုင်အေဂျင်စီများမှာလည်း demand letter အသစ်များ တင်ခွင့်ဆိုင်းငံ့ခံရခြင်း၊ သတ်မှတ်ရက်အတွင်း မတင်ပြနိုင်ပါက ဒဏ် ကြေးပေးဆောင်ရမည်ဟု အလုပ်သမားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဝန်ကြီး ဌာနက တရားဝင်ခွင့်ပြုထားသည့် ပြည်ပအ လုပ်အကိုင်အေဂျင်စီများမှာ ယခုနှစ်ဖေဖော် ၀ါရီအထိ စာရင်းများအရ ၅၄၇ ခုရှိပြီး ယင်း တို့အနက် အချို့သည် လိုင်စင်ယာယီပိတ် သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများလည်း ရှိသည်။
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေ ဂျင်စီ အရေအတွက်သည် ၂၀၂၁ ခုနှစ်မတိုင် မီက ၃၀၀ ကျော်သာရှိခဲ့သော်လည်း သုံးနှစ် ကျော်ကာလအတွင်း လိုင်စင်ရကုမ္ပဏီအရေ အတွက် ၅၀၀ ကျော် ရှိလာခဲ့သည်။
လတ်တလောတွင်လည်း ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ် သားများမှာလည်း အများအပြားရှိနေဆဲဖြစ် ပြီး ပြည်တွင်းအလုပ်သမားလိုအပ်ချက် အတွက်လည်း ကြီးမားသည့်စိန်ခေါ်ချက် တစ်ခု ဖြစ်လာမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်