
ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေမှာ ဆိုးရွားနေပြီး အသင်းဥက္ကဋ္ဌ လာပေါ်တာအနေဖြင့် လစာလျှော့ချရန်နှင့် အသင်းကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။
Mundo Deportivo ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်း၏ ကြွေးမြီပမာဏမှာ ယူရို (၁၁၇၃)သန်းအထိ ရှိနေပြီး ယင်းထဲတွင် ယူရို (၂၆၆)သန်းကို လာမည့်ဇွန်လ (၃၀)ရက်တွင် ပေးချေရမည်ဖြစ်ပြီး အခြားကြွေးမြီများမှာလည်း ကာလတိုအတွင်း ပြန်လည်ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီတွင် ယူရိုသန်း (၃၅၀)အထိ အရှုံးပေါ်မည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၂-၂၃ ရာသီအထိ ဘာစီလိုနာအသင်းအနေဖြင့် အမြတ်ရရှိဦးမည်မဟုတ်ကြောင်း သုံးသပ်နေကြသည်။
ဘာစီလိုနာဥက္ကဋ္ဌဖြစ်လာသူ လာပေါ်တာသည် အဆိုပါအခြေအနေကို အရင်ဆုံးဖြေရှင်းရမည်ဖြစ်ပြီး ၎င်းအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
Mundo Deportivo ၏ ဖော်ပြချက်အရ လာပေါ်တာသည် ဘာစီလိုနာအသင်း၏ဘဏ္ဍာရေးကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် အသင်းလစာကို လျှော့ချရန်နှင့် ပုံမှန်ခြေစွမ်းမပြနိုင်သည့် ကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် လာပေါ်တာသည် အသင်းကို အင်အားဖြည့်တင်းရာတွင်လည်း ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်သည့် ကစားသမားများကို ခေါ်ယူရန် စီစဉ်နေသလို၊ လာမည့်ရာသီတွင် လူငယ်အသင်းမှ ကစားသမားများကို ပိုမိုနေရာပေးရန် စီစဉ်နေကြောင်းလည်း Mundo Deportivo က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်