Top News

တံကောက်ကြောဒဏ်ရာကြောင့် ပေါ်တိုနှင့်ပွဲကို ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ လွဲချော်မည်
24htopnews | January 19, 2025 1:12 PM CST

ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေသည် တံကောက်ကြောဒဏ်ရာကြောင့် ပေါ်တိုအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။

ကွန်တေသည် မတ်လ (၂၄)ရက်က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလား(ဥရောပဇုန်)ခြေစစ်ပွဲ ပြင်သစ် (၁-၁) ယူကရိန်းပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ကွန်တေသည် အဆိုပါဒဏ်ရာကြောင့် ပြင်သစ်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲကို လွဲချော်ခဲ့ပြီး လက်ရှိတွင် တစ်ဦးချင်းလေ့ကျင့်ရေးအစီအစဉ်များကိုသာ ပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။ 

ထို့ကြောင့် တူဟယ်လ်က ကွန်တေအနေဖြင့် ဧပြီလ (၄)ရက်တွင် ကစားမည့် ဝက်စ်ဘရွန်းနှင့်ပွဲကို လွဲချော်မည်ဖြစ်သလို၊ ဧပြီလ (၇)ရက်တွင်ကစားမည့် ပေါ်တိုနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

တူဟယ်လ်က "ကွန်တေဟာ တစ်ဦးချင်းလေ့ကျင့်ခန်းတွေတော့ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာတော့ ပါနိုင်မှာ မဟုတ်ပါဘူး။ သူက နိုင်ငံအသင်းအတွက် ကစားရင် ဒဏ်ရာရရှိခဲ့တာပါ။ ကွန်တေအနေနဲ့ ပေါ်တိုနဲ့ ကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာတော့ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK