
ဂျူဗင်တပ်စ်အသင်းမှ ကစားသမား(၃)ဦးဖြစ်သည့် ဒီဘားလား၊ အာသာနှင့် မက်ကန်နီးတို့သည် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကိုချိုးဖောက်၍ ပါတီပွဲ ဆင်နွှဲခဲ့သည့်အတွက် တူရင်ရဲတပ်ဖွဲ့၏ ဒဏ်ငွေချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
၎င်းတို့ (၃)ဦးသည် မတ်လ (၃၁)ရက်(ဗုဒ္ဓဟူးနေ့) ဒေသစံတော်ချိန် ည (၁၁း၃၀)နာရီတွင် တူရင်မြို့ရှိ မက်ကန်နီး၏ နေအိမ်၌ ပါတီပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပါတီပွဲကို လူ(၁၂)နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ည (၁၀)နာရီမှ နံနက် (၅)နာရီအတွင်း အပြင်မထွက်ရ အမိန့်ထုတ်ထားသလို၊ ပါတီပွဲပြုလုပ်ခြင်းများကို တားမြစ်ထားသည်။
ထို့ကြောင့် မက်ကန်နီး၏ နေအိမ်တွင် ပါတီပွဲ ပြုလုပ်ခဲ့ခြင်းကို အိမ်နီးချင်းများက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းတို့ကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်ကာ ပါတီပွဲတက်ခဲ့သည့် ဒီဘားလားက တောင်းပန်စကားဆိုခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ၎င်းတို့ (၃)ဦးကို ဒဏ်ငွေချမှတ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်