
ရီးယဲလ်အသင်းခေါင်းဆောင် ၀ါရင့်နောက်ခံလူ ရာမို့စ်သည် ခြေသလုံးကြွက်သားဒဏ်ရာ ကြောင့် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့စလုံးကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
ရာမို့စ်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် မကြာခဏအနားယူနေရသူဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းအတွက် လေ့ကျင့်မှုပြုလုပ်စဉ် ခြေသလုံးကြွက်သားဒဏ်ရာထပ်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရာမို့စ် ဒဏ်ရာရရှိသည့်သတင်းကို ရီးယဲလ်အသင်းက အတည်ပြုခဲ့သော်လည်း အနားယူရမည့်ကာလကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ထပ်မံစစ်ဆေးရဦးမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ရာမို့စ်အနေဖြင့် အဆိုပါဒဏ်ရာကြောင့် ဧပြီလ (၆)ရက်နှင့် (၁၄)ရက်တို့တွင် ကစားမည့် လီဗာပူးလ်အသင်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ကျော့စလုံးအပြင် ဧပြီလ (၁၀)ရက်တွင် ကစားမည့် ဘာစီလိုနာအသင်းနှင့် လာလီဂါအိမ်ကွင်းပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။
ရာမို့စ်က "အသင်းက လိုအပ်နေချိန်မှာ အခုလိုဖြစ်ခဲ့တဲ့အတွက် နာကျင်ခံစားရပါတယ်။ ကျွန်တော့်အနေနဲ့ မကစားနိုင်တဲ့အချိန်မှာ အသင်းကို အားပေးနေမှာပါ"ဟု သူ၏ Instagram တွင် ရေးသားခဲ့သည်။
အသက် (၃၅)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၂၀)သာ ကစားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်