Top News

ယူရို-၂၀၂၀ ပြိုင်ပွဲ၌ အသင်းတစ်သင်းလျှင် ကစားသမား(၂၅)ဦးအထိ ခွင့်ပြုပေးရန် UEFA စဉ်းစားနေ
24htopnews | January 19, 2025 1:12 PM CST

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ အသင်းတစ်သင်းလျှင် ကစားသမား(၂၅)ဦးအထိ ခွင့်ပြုပေးသွားရန် စဉ်းစားနေကြောင်း သိရသည်။

    

UEFA သည် ယခင်က ယူရိုပြိုင်ပွဲများတွင် ကစားသမား(၂၃)ဦးဖြင့်သာ ဖွဲ့စည်းခွင့်ပြုခဲ့သော်လည်း လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ရိုက်ခတ်မှု ရှိနေသောကြောင့် ကစားသမားအရေအတွက် တိုးမြှင့်ပေးရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။ 

UEFA သည် ယူရိုပြိုင်ပွဲတွင် ကစားသမား(၅)ဦးအထိ လူစားလဲခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် လူစာရင်းကို တိုးမြှင့်ပေးရန်လည်း စဉ်းစားနေခြင်းဖြစ်သည်။ 

သို့သော် လက်ရှိအချိန်၌ တာဝန်ရှိသူများအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးကြောင်းလည်း သိရသည်။ 

    

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီး လာမည့် ဇွန်လ(၁၁)ရက်နေ့မှ ဇူလိုင်လ(၁၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲမှာ ယူရိုပြိုင်ပွဲ၏ နှစ်(၆၀)ပြည့်ဖြစ်သောကြောင့် ဥရောပတစ်ဝှမ်းမှ မြို့(၁၂)မြို့တွင် ကျင်းပသွားရန် စီစဉ်ထားသည့်ပြိုင်ပွဲလည်းဖြစ်ပြီး ကွင်းအတွင်း ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ရရန် စီစဉ်နေကြောင်းလည်း သိရသည်။


READ NEXT
Cancel OK