Top News

စပိန်ဘုရင့်ဖလား ပွဲကြိုသုံးသပ်ချက်
24htopnews | January 19, 2025 1:12 PM CST

ဘီလ်ဘာအို - ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက် နံနက် ၂:၀၀ နာရီ)

ဘီလ်ဘာအိုအသင်းအတွက်ကတော့ (၁၈)ရက်အတွင်းမှာပဲ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို (၂)ကြိမ်ကစားရဖို့ဖြစ်လာခဲ့ပြီး အခုပွဲကတော့ ပထမပွဲပါပဲ။ လက်ရှိ ဘီလ်ဘာအိုရဲ့ကစားပုံအရတော့ ယုံကြည်မှုပိုမြင့်နေသလို၊ ဆုဖလားတွေနဲ့ထိတွေ့ မှုမှာလည်း ဘတ်စ်ကေးဒါဘီပြိုင်ဘက် ဆိုစီဒက်ထက် သာလွန်ပါတယ်။ ဆိုစီဒက်တော့ ၁၉၈၇-၈၈ ရာသီနောက်ပိုင်းစပိန် ဘုရင့်ဖလား ဗိုလ်လုပွဲကို တစ်ကျော့ပြန်ရောက်ရှိလာတဲ့အသင်းဖြစ်ပြီး အစဉ်အလာမရှိတဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့ ဗိုလ်လုပွဲဖြစ်နေသလို ဒါဘီပွဲစဉ်ဖြစ်လို့လည်း လွယ်လွယ်နဲ့အလျှော့ပေးမှာမဟုတ်ပါဘူး။ မိနစ် (၉၀)အတွင်းအဖြေထွက်ဖို့ခက်ပြီး ချန်ပီယံဆုကိုတော့ ဘီလ်ဘာအိုပဲ ရယူသွားဖို့များနေပါတယ်။


READ NEXT
Cancel OK