
မိုနာကို - မက်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ညနေ ၅:၃၀ နာရီ)
မိုနာကိုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ မက်ဇ်က အထက်မရောက် အောက်မရောက် အသင်းဖြစ်ပြီး မိုနာကို အနိုင်သေချာပါတယ်။
PSG - လိုင်လီ (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၉:၃၀ နာရီ)
လိုင်လီက နောက်ပိုင်းပွဲတွေမှာ ခြေကျလာသလိုရှိပြီး၊ နောက်ဆုံး (၄)ပွဲမှာလည်း (၁)ပွဲသာအနိုင်ရခဲ့တယ်။ အထူးသဖြင့် လူငယ်တိုက်စစ်မှူး ဒေးဗီးစ် ဂိုးပေါက်ပျောက်ဆုံးရင် ရုန်းကန်လာရတာဖြစ်ပြီး နောက်ဆုံးအနိုင်ရခဲ့တဲ့ မာဆေးလ်နဲ့ပွဲမှာ ဆိုရင်လည်း ဒေးဗီးစ်က (၂)ဂိုးစလုံးကို သွင်းယူပေးခဲ့တာ ဖြစ်တယ်။ ပိုချက်တီနိုရဲ့ PSG ကလည်း လူအင်အားတောင့် တင်းပေမဲ့ အကောင်းဆုံးပုံစံတော့ မရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပြင်သစ်ဖလားပြိုင်ပွဲမှာတော့ လိုင်လီကို ဂိုးပြတ်အနိုင်ယူခဲ့တာ တွေ့ရတယ်။ အဲဒီပွဲတုန်းက ဘာပေရဲ့ရုန်းအားက လိုင်လီကို အခက်တွေ့စေခဲ့တာဖြစ်ပြီး ဒီပွဲမှာလည်း ဘာပေကို လိုင်လီနောက်ခံလူတွေ သတိကောင်းကောင်းထားရလိမ့်မယ်။ နိုင်တဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ (၃)မှတ်ဖြတ်ဦး ဆောင်နိုင်မှာဖြစ်ပြီး PSG ပဲ အနိုင်ရသွားပါလိမ့်မယ်။
လန်းစ် - လိုင်ယွန် (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက် နံနက် ၁:၃၀ နာရီ)
လိုင်ယွန်က PSG နဲ့ပွဲက အရှုံးကို ရုန်းထွက်ဖို့ကြိုးစားမှာဖြစ်ပြီး အင်ပြည့်အားပြည့်နဲ့ ပွဲထွက်လာပါလိမ့်မယ်။ လန်းစ်က တော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ပြီး အိမ်ကွင်းရလဒ်လည်း ကောင်းပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ တွေ့မြင်ရနိုင်ပြီး လိုင်ယွန် အနည်းဆုံးသရေရမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်