
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နယ်မြေ (၄) ရပ်တွင် ဘတ္ထရီအိုးတွင် နှစ်ပင်လိမ်မီးကြိုးဖြင့် LED မီးထွန်းထားရာမှ LED မီးသီးရှော့ဖြစ်ပြီး မီးလောင်မှု ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
မီးလောင်မှုအကြောင်းအရင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူများ၏ စစ်ဆေးချက်များအရ (၁၈ ပေ x၂၅ ပေ) သွပ်မိုး၊ထရံကာ၊ပျဉ်ခင်းနှစ်ထပ်နေအိမ်၏ အရှေ့ရှိ အဖီထုတ်ထားသော အခန်းအတွင်းတွင် ဘတ္ထရီအိုးတွင် နှစ်ပင်လိမ်မီးကြိုးဖြင့် LED မီးထွန်းထားရာမှ LED မီးသီးရှော့ဖြစ်ကာအောက်ရှိ စာရွက်ပုံ ပေါ်သို့ကျရာမှ မီးစတင်လောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ် ရေသယ်ယာဉ်တစ်စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ရှမ်းကလေးကျွန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊တောင်သမန်အရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ဘုံးအိုးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ချမ်းမြသာစည်မြို့နယ်တမ္ပဝတီအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သံလျှက်မှော်အနောက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ မဟာအောင်မြေမြို့နယ်ဂေါဝိန်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ပြည်ကြီးတံခွန်မြို့နယ်လောကပါလအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်ငါးစီး၊ မီးသတ်ရေသယ်ယာဉ်ခုနစ်စီး၊ ပေါင်း(၁၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ ပေါင်း(၈ဝ)ဦး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၁၀ နာရီ ၂၉ မိနစ် အချိန်တွင် မီးလုံးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၁၈ ပေ x၂၅ပေ) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် အဖီပါ လူနေအိမ် တစ်လုံး၊ (၁၈ ပေ ×၁၈ ပေ) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်အပေါ်ထပ် ၊ (၁၅ ပေ x၁၅ ပေ) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်၏အပေါ်ထပ်၊ (၂၀ ပေ ×၁၂ ပေ) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်၏ အပေါ်ထပ်၊ (၁၅ ပေ x၁၀ ပေ) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်၏အပေါ်ထပ်ရှိ (၁၀ ပေ x၈ ပေ) အခန်းတစ်ခန်း၊ မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး၊ဆိုင်ကယ်နှစ်စီးနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့် မီးဘေးသင့်သည့် အိမ်ထောင်စု (၆)စု၊ လူဦးရေ ကျား(၁၃)ဦး၊ မ (၁၁)ဦး ပေါင်း (၂၄)ဦးအား နီးစပ်ရာဆွေးမျိုးများနေအိမ်တွင်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး အသက် ၄၆ နှစ်အရွယ် အမျိုးသား အား အမရပူရမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်