
မာဝါးတိုင်ဖွန်းမုန်တိုင်းသည် ပစိဖိတ်သမုဒ္ဒရာထဲက အရေးပါသည့် အမေရိကန်တပ်စခန်း အခြေစိုက်ထားသော အမေရိကန်ပိုင်နက် ဂူအမ်ကို အင်အားပြင်းထန်သော လေများနှင့်အတူ မေလ ၂၄ ရက်တွင် ဝင်ရောက်တိုက်ခတ်လျက်ရှိသည်။
တိုင်ဖွန်းမုန်တိုင်း တစ်နာရီ မိုင် ၁၄၀ နှုန်းဖြင့် တစ်သမတ်တည်းတိုက်နေသော အမြင့်ဆုံးလေများနှင့်အတူအန္တရာယ်ကြီးမားသည့် ပြင်းအားအဆင့်လေးရှိသော တိုင်ဖွန်းအဖြစ် ဆက်လက်တည်ရှိနေပြီး လေပြင်းများသည် ကုန်းတွင်း၌ တစ်နာရီ ၁၇၅ မိုင် နှုန်းအထိရှိမည်ဟု အမေရိကန်အမျိုးသားမိုးလေဝဌာန (NWS) ကထုတ်ပြန်သည်။
“လက်ရှိ လမ်းကြောင်းအရ မာဝါးမုန်တိုင်းဟာ လူဦးရေ ၁၇၀,၀၀၀ လောက်ရှိတဲ့ ဂူအမ်ကျွန်းပေါ်ကနေ တိုက်ရိုက်ဖြတ်သွားမှာဖြစ်လို့ မိုးသည်းထန်မယ်၊ ပြင်းထန်ရေကြီးတာဖြစ်မယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၂၄ ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၁ မိနစ်လောက်တွင် မုန်တိုင်းသည် ဂူအမ်ကျွန်း၏ အရှေ့တောင်ဘက် ၄၅ မိုင်တွင်တည်ရှိနေသည်ဟု ဆိုသည်။
“ဂူအမ်မှာအခြေအနေတွေဟာ တဖြည်းဖြည်းနဲ့ဆိုးလာပါတယ်။ တိုက်တဲ့လေဟာ တဖြည်းဖြည်း ပြင်းလာပါတယ်။ အပြင်ဘက်မှာလေတိုက်သံဟာ ပိုမိုကျယ်လောင်နေပါတယ်”ဟု NWS ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။
ဒေသန္တရအာဏာပိုင်များက ရွှေ့ပြောင်း အမိန့်ထုတ်ပြန်ထားပြီး ယာယီခိုလှုံရေးစခန်းများကို ဖွင့်ပေးထားသည်။ ဖက်ဒရယ်အကူအညီပေးနိုင်ရေး လမ်းပွင့်သွားစေရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဂူအမ်ကျွန်းကို အရေးပေါ်အခြေအနေကြေညာထားသည်။
“မာဝါးရဲ့လက်ရှိလမ်းကြောင်းကတော့ ဂူအမ်ကျွန်းပေါ်ကနေ မုန်တိုင်းဗဟိုချက် ဖြတ်ကျော်သွားဖို့ ဖြစ်နိုင်ခြေများနေတယ်ဆိုတာကို ပြနေပါတယ်”ဟု NWS က ထုတ်ပြန်ထားသည်။
ရုတ်တရက် ရေကြီးရေလျှံမှု သတိပေးချက်ကို ထုတ်ပြန်ထားပြီး တစ်နာရီလေတိုက်နှုန်း ၇၄ မိုင်ရှိသည်ဟု မှတ်တမ်းရှိထားကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
“ကျွန်တော်တို့ပြည်သူတွေ ဘေးကင်းရေးအတွက် ကျွန်တော် ပူပန်နေပါတယ်။ ဒီမုန်တိုင်းဟာအနှစ် ၂၀ အတွင်း အခုပြင်းအားမျိုးရှိတဲ့ ပထမဆုံးမုန်တိုင်းဖြစ်ပါတယ်” ဟု ဂူအမ်အုပ်ချုပ်ရေးမှူး လူလီယွန်ဂွါရဲရိုးက ပြောကြားသည်။
တစ်သမတ်တည်းတိုက်နေသောလေသည် တစ်နာရီမိုင် ၁၅၀ အောက်တွင်ရှိနေရာ မာဝါးတိုင်ဖွန်းသည် စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်မဟုတ်သော်လည်း မုန်တိုင်းသည် ဂူအမ်ကို ချဉ်းကပ်လာရာတွင် အနည်းငယ်အားကောင်းနေသည်ဟု အမေရိကန်မိုးလေဝသဌာနက ဆိုသည်။
မြေနိမ့်ပိုင်းဖြစ်သော ကမ်းရိုးတန်းဒေသများ အထူးသဖြင့် ရေကြီးမှုဖြစ်ပွားတတ်သည့် တောင်ဘက်ပိုင်းက ရွာများအတွက် ရွေ့ပြောင်းအမိန့်များကို ထုတ်ပြန်ထားသည်။
ဒလဟောရွာသော မိုးများ၊ ကြီးမားလှသော လေ၊ အသက်ကို ခြိမ်းခြောက်သော ပင်လယ်ရေမြင့်တက်မှုတို့၏ ခြိမ်းခြောက်မှု သုံးထပ်ကွမ်းကို NWS က သတိပေးထားသည်။
မုန်တိုင်းဗဟိုချက်အနီး တိုက်နေသောလေများသည် ကွန်ကရစ်အမိုးမဟုတ်သော ပေါ့ပါးသည့်ပစ္စည်းများဖြင့် ဆောက်ထားအိမ်များနှင့်အဆောက်အအုံများ၊ ကွန်ကရစ်ဖြင့် ကျားကန်ထားခြင်းမရှိသော နံရံများဖြင့် ဆောက်ထားသော အဆောက်အအုံများနှင့် အိမ်များကို ကြီးကြီးမားမား ပျက်စီးစေနိုင်သည်။
ဆိုးဆိုးရွားရွား ရုတ်တရက် ပင်လယ်ရေမြင့်တက်မှုက ကမ်းရိုးတန်းများပေါ်တွင် ကြီးကြီးမားမား ပျက်စီးရန် ခြိမ်းခြောက်နေပြီး ဆိုင်းကြိုးများဖြင့် ချည်ထားသောသင်္ဘောကြီးများကို ပျက်စီးစေနိုင်သည်ဟုဆိုသည်။
ရုတ်တရက် ပင်လယ်ရေမြင့်တက်မှုသည် ပုံမှန်ဒီရေထက်အမြင့်ပေ ၂၀ မှ ၂၅ ပေ အထိရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အချို့နေရာများတွင် သစ်ပင်များလဲကုန်သည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်