
အမေရိကန်အစိုးရ၊ ၎င်း၏မဟာမိတ်များနှင့် Microsoft ကုမ္ပဏီတို့က တရုတ်အစိုးရက ထောက်ပံ့ပေးထားသည့် ဟက်ကာများသည် အမေရိကန်၏ အလွန်အရေးကြီးသည့် အခြေခံအဆောက်အအုံ ကွန်ရက်များအတွင်း ထွင်းဖောက်ဝင်ရောက်ခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် သတင်းအမှားများဖြန့် နေသည်ဟု တရုတ်က မေ ၂၅ ရက်တွင်စွပ် စွဲခဲ့သည်။
“ဒါဟာ အထောက်အထားမရှိဘဲ ထုတ်ပြန်တဲ့ အလွန်ကျင့်ဝတ်ပျက်ပြားတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ ဒါဟာ မူရင်းမဟုတ်ဘဲ ဖြတ်ညှပ်ကပ်လုပ်ထားတာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။
အဆိုပါစွပ်စွဲမှုများသည် Five Eyes ညွန့်ပေါင်းနိုင်ငံများ၏ သတင်းအမှားများဖြန့်သည့် စုပေါင်းလုပ်ဆောင်မှုဖြစ်သည်ဟု ၎င်းက ဆိုသည်။
Microsoft ကုမ္ပဏီ၏ မေ ၂၄ ရက်က ထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်၏ အဓိကစစ်အခြေစိုက်စခန်းတစ်ခုရှိသည့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်၏နယ်နိမိတ်တစ်ခုဖြစ်သည့် ဂူအမ်ကျွန်းသည် တရုတ်အစိုးရက ထောက်ပံ့ပေးထားသည်ဟုဆိုသည့် ဟက်ကာများ၏ ပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံအတွင်းရှိ အခြားနေရာများတွင်လည်း ဆိုက်ဘာတိုက်ခိုက်သည့် လှုပ်ရှားမှုကို ထောက်လှမ်းသိရှိခဲ့သည်ဟု Microsoft က ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကတည်းက Volt Typhoon ဟု အမည်ပေးထားသည့် တရုတ်က ထောက်ပံ့ခဲ့သည့် ဟက်ကာအဖွဲ့က လုပ်ဆောင်သည့် လျှို့ဝှက်တိုက်ခိုက်မှုသည် ရေရှည်သူလျှိုလုပ်မှုအတွက် အထောက်အကူဖြစ်စေပြီး ပဋိပက္ခဖြစ်ပွားသည့် အခြေအနေမျိုးတွင် အမေရိကန်ကိုဟန့်တားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်းဟက်ကာအဖွဲ့၏လှုပ်ရှားမှုတွင် ထိခိုက်ခဲ့သည့် အဖွဲ့အစည်းများအတွင်း ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ပင်လယ်ရေကြောင်းကဏ္ဍ၊ အစိုးရ၊ သတင်းနှင့်နည်းပညာ၊ ပညာရေးကဏ္ဍတို့ ပါဝင်သည်ဟု Microsoft ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
Microsoft ၏ ထုတ်ပြန်ချက်ကို အမေရိကန်နှင့် Five Eyes လုံခြုံရေးမဟာမိတ်အဖွဲ့ထဲမှ ၎င်း၏ မဟာမိတ်များဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ဗြိတိန်တို့က သံယောင်လိုက်ပြောဆိုခဲ့သည်။
“အဲဒီလုပ်ဆောင်ချက်တွေဟာ အမေရိကန်နိုင်ငံတစ်ဝန်းက အရမ်းအရေးကြီးတဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေရဲ့ ကွန်ရက်တွေကို ထိခိုက်စေပြီး အဲဒီဟက်ကာအဖွဲ့ဟာ အလားတူ နည်းစနစ်တွေနဲ့ ကမ္ဘာတစ်ဝန်းက အခြားကဏ္ဍတွေကိုလည်း တိုက်ခိုက်လိမ့်မယ်လို့ သက်ဆိုင်ရာ အေဂျင်စီတွေက ယုံကြည်နေပါတယ်”ဟု Five Eyes အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်ကို တရုတ်က မေ ၂၅ ရက်တွင် ငြင်းဆိုခဲ့ပြီး အမေရိကန်သည် သတင်းအမှားများဖြန့်ရန် လမ်းကြောင်းသစ်များကို ချဲ့ထွင်ခဲ့သည်ဟု မော်က ပြောကြားခဲ့သည်။ သို့သော် အမေရိကန်သည် ဟက်ကာ အင်ပါယာ ဖြစ်နေသည့် အချက်ကို မည်သည့် နည်းနှင့်မျှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း မော်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်