Top News

မြဝတီမြို့ ကျွန်းတောတွင် သုံးမိနစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကာ နေအိမ် ၁၀ လုံး မီးလောင်
24htopnews | January 18, 2025 4:12 PM CST

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် စီးပွားဖြစ်ကျွန်းစိုက်ခင်း(ကျွန်းတော)တွင် ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်က လျှပ်စစ်မီးဖြင့် သုံးမိနစ်ရေနွေးအိုးတည်ရာမှ အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးကာ အခန်း ၁၆ ခန်းပါတန်းလျားတစ်ခု မီးလောင်းပျက်စီးခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် လျှပ်စစ်မီးမရရှိသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း အဆိုပါကျွန်းတော့ရပ်ကွက်တွင် ထိုင်းလျှပ်စစ်မီးရရှိသောနေရာဖြစ်သည်။

အမှတ် ၃ ရပ်ကွက် ကျွန်းတောတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ မြဝတီခရိုင်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် အချိန်မီသွားရောက်မီးငြိမ်းသတ်ခဲ့သော်လည်း လမ်းကျဉ်းခြင်း၊ နေအိမ်သိပ်သည်းခြင်းကြောင့် ခက်ခက်ခဲခဲ ငြိှမ်းသတ်ခဲ့ရပြီး ည ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းခြင်းကြောင့် လူနှင့်တိရာစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်မှမရှိသော်လည်း မိသားစု ၂၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့်နေအိမ်ပိုင်ရှင်အား မီးပေါ့ဆစွာ အသုံးပြုခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်ကည်း မြိဝတီမြို့ အမှတ် ၅ ရပ်ကွက်တွင် ဆိုလာနှင့်ချိတ်ဆက် ထားသော အင်ဗင်တာဘတ္ထရီအိုးအပူလွန်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။


READ NEXT
Cancel OK