
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း သည် ၂၀၃၄ ခုနှစ်အထိ ဆက်ရှိနေမည့် ကိုးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး အားကစားသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးစာချုပ်များအနက် တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း ဗြိတိန်နှင့် စပိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။
အသက် ၂၄ နှစ်ရှိပြီဖြစ်သည့် ဟာလန်း နှင့် မန်စီးတီးအသင်း၏စာချုပ်မှာ နှစ်နှစ်ခွဲ ကျန်ရှိနေသေးပြီး ၂၀၂၇ ခုနှစ် နွေရာသီမှသာ ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် ဟာလန်း အနေဖြင့် ၂၀၃၄ ခုနှစ်အထိ မန်စီးတီးအသင်းတွင် ဆက်ရှိနေမည့် ကိုးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
နာမည်ကြီးအားကစားဝက်ဘ်ဆိုက်ဖြစ်သည့် The Athletic ၏ ဖော်ပြမှုအရ စာချုပ်သစ်တွင် ယခင်စာချုပ်မှ စာချုပ်လျော်ကြေးဖြင့် ထွက်ခွာနိုင်သည့် အချက်အားလုံး ပယ်ဖျက်လိုက်ပြီဖြစ်ပြီး စာချုပ်တန်ဖိုးမှာ အားကစားသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံး စာချုပ်များအနက် တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။
ဟာလန်းသည် လက်ရှိစာချုပ်အရ တစ်ပတ်လျှင် အခြေခံလစာ ပေါင် ၃၇၅၀၀၀ ရရှိနေပြီး များစွာသော အပိုဆုကြေးများပါဝင်လျှင် ပေါင် ၈၅၀၀၀၀ အထက်ရရှိနေကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန က ဖော်ပြသည်။ စပိန်အခြေစိုက် AS သတင်း ဌာနကလည်း ဟာလန်းအနေဖြင့် စာချုပ်သစ်အရ တစ်နှစ်လစာ ဒေါ်လာ ၁၉ ဒသမ ၅ သန်းရရှိမည်ဖြစ်ပြီး ကနဦးငါးနှစ်အတွက် စာချုပ်တန်ဖိုးမှာ ဒေါ်လာ ၉၇ ဒသမ ၅ သန်း ရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
ကာတာအခြေစိုက် beIN SPORTS ရုပ်သံက ဟာလန်း၏ စာချုပ်သစ်မှာ တစ်နှစ်လျှင် ဒေါ်လာ ၂၅ ဒသမ ၃ သန်းရှိနိုင်ပြီး စာချုပ်တန်ဖိုးစုစုပေါင်း မှာ ဒေါ်လာ ၂၂၇ ဒသမ ၇ သန်းအထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်