
ဒီအပြောင်းအရွှေ့မှာ အာနိုးလ်နဲ့ပတ်သက်ရင် လှုပ်လှုပ်ခတ်ခတ်ရှိလွန်းတယ်။ ရီးယဲလ်နဲ့ အာနိုးလ်ကြားသတင်းတွေ ကျယ်လောင်နေပြီး စံချိန်တင်လက်မှတ်ထိုးကြေး ပေါင်သန်းတစ်ရာဆိုပြီး ကောလာဟလလည်း လူးလွန့်နေတာပါ။ အခုပြောပြချင်တာအာနိုးလ်ရဲ့အပြောင်းအရွှေ့ပုံပြင် မဟုတ်ဘူး။ အာနိုးလ်ရဲ့တိုက်စစ်ကရွှေမန်း၊ ခံစစ်ကချိုမိုင် မိုင်အကြောင်းပါပဲ။ အာနိုးလ်ရဲ့ခံစစ်အနုပညာဟာလူကြိုက်မများဘူး။ ဒါပေမဲ့အာနိုးလ်ရဲ့တိုက်စစ်အိုင်ဒီယော်လော်ဂျီက သိပ်ပြီးထူးခြားတယ်။ အာနိုးလ်ရဲ့ မူလဟန်ပန်ဟာ မြန်နှုန်းမြင့်ပြီး တစ်ကိုယ်တော်ဆွဲပြေးနိုင်စွမ်း ကောင်းမွန်တယ်။ အဝေးကန်ချက်တွေ ပြုလုပ်နိုင်တယ်။ ဖန်တီးမှုအပိုင်းကတော့ ပြောစရာလိုမယ် မထင်ဘူး။ အာနိုးလ်ကို လိုတိုရှင်း အဓိပ္ပာယ်ဖွင့်ဆိုရင် "ဘယ်လိုနည်းဗျူဟာမျိုးမဆို အသုံးတော်ခံနိုင်သူ"လို့ ပြောရမယ်။ ပြိုင်ဘက်ကို ထိုးနှက်နိုင်အောင် Options တွေ လုပ်နိုင်ပြီး နေရာလွတ်တွေ အသုံးချကာ ပေါ့ပါးလွတ်လပ်စွာ ကစားတတ်သူလည်း ဖြစ်ပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ခံစစ်ကစားဟန်က တစ်ခါတလေ အတော်လေးအားနည်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရယ်စရာကောင်းတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်