
မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ကြားရှိ ဒုံသမိချောင်းတံတားရှိ စစ်ဆေးရေးဂိတ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁၅)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က အဆိုပါဒုံသမိချောင်းတံတား မွန်ပြည်နယ်သထုံမြို့နယ် ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်အား ရှော့တိုက်ဒုံးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လင်ပြီး “ပေါက်ကွဲသံ လေးကြိမ်ကြားလိုက်ရတယ်။ ဒုံသမိချောင်းတံတားဘက်ကို ပစ်တာလို့ သိရတယ်။ လူထိခိုက်ဒဏ်ရာရာမျိုး မကြားမိဘူး။ တံတားကိုလည်း မထိခဲ့ဘူးလို့ သိရပါတယ်” ဟု ပြောကြားသည်။
ထိုတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုအား ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ကော့ပနောကျေးရွာ၏ တစ်ဘက်ကမ်း ကော့လှိုင်းချောင်းဝမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ ဒုံသမိချောင်းတံတားဝန်းကျင်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင် သထုံ - ဘားအံကားလမ်းအား (၁) နာရီခန့်ပိတ်ထားခဲ့ကြောင်းလည်း ခရီးသွားပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းကလည်း အဆိုပါ ဒုံသမိချောင်းတံတား ဘားအံဘက်ခြမ်း နှင့် သထုံဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်များအား လက်နက်ကိုင်အဖွဲ့ များ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် အရပ်သားခရီးသွားပြည်သူ နှစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်