
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း တိုက်စစ်ကစားသမား နေမာက PSG အသင်းသို့ မက်ဆီရောက်ရှိလာစဉ် အမ်ဘာပေက မနာလိုဖြစ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နေမာ၊ အမ်ဘာပေနှင့် မက်ဆီသည် PSG အသင်း၌ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ နှစ်ရာသီတွဲကစားဖူးပြီး ၎င်းတို့သုံးဦးတိုက်စစ်အတွဲမှာ သမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိခဲ့သော်လည်း လီဂူး -၁ ချန်ပီယံဆု နှစ်ကြိမ်နှင့် ပြင်သစ်စူပါဖလား တစ်ကြိမ်သာ ရယူနိုင်ခဲ့သည်။
ဇန်နဝါရီ ၁၆ ရက်က ဘရာဇီးဂန္ထဝင် ရိုမာရီယိုနှင့်ပြုလုပ်သည့် Podcast အစီအစဉ်တွင် ရိုမာရီယိုက PSG အသင်းသို့ မက်ဆီရောက်ရှိလာသဖြင့် အမ်ဘာပေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသလားဟု မေးမြန်းမှုအပေါ် နေမာက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။
"မဖြစ်ပါဘူး။ သူအဲဒီလိုမဖြစ်ပါဘူး။ ကျွန်တော်နဲ့ သူ့ကြားမှာ ကိစ္စတချို့ရှိခဲ့ပြီး နည်းနည်းပါးပါး ရန်ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ သူရောက်လာချိန်မှာ သူက ကျွန်တော်တို့အတွက် အခြေခံဖြစ်ခဲ့တယ်။ သူ့ကို Golden Boy လို့ ကျွန်တော်ခေါ်လေ့ရှိတယ်။ ကျွန်တော်က အမြဲတမ်း သူနဲ့အတူကစားပါတယ်။ သူက အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာမယ်လို့လည်း ကျွန်တော်ပြောခဲ့တယ်။ ကျွန်တော်က သူ့ကို အမြဲတမ်းကူညီပေးတယ်၊ စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော်နေတဲ့ဆီကိုလာပြီး အတူတူညစာစားကြတယ်။ ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ နှစ်တချို့ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီ ရောက်လာပြီးတဲ့နောက်မှာတော့ သူက နည်း နည်းမနာလိုဖြစ်ခဲ့တယ်။ သူက တခြားသူကြောင့် ကျွန်တော်နဲ့ မခွဲချင်ဘူး။ အဲဒီနောက်မှာ ရန်ဖြစ်တာတွေ၊ အမူအကျင့်ပြောင်းတာတွေ ဖြစ်လာတယ်" ဟု နေမာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်