Top News

■ ရပ်ရှ်ဖို့ဒ်အား ပရီးမီးယားလိဂ်ပြိုင်ဘက်များထံ မန်ယူအသင်း ရောင်းချလိုခြင်းမရှိ     
24htopnews | January 17, 2025 10:12 PM CST

မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ရောင်းထုတ်ရန် စီစဉ်နေသော်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းများထံ ရောင်းချလိုခြင်းမရှိကြောင်း သိရသည်။ 

မန်ယူအသင်းသည် နည်းပြ အာမိုရင်မ် နေရာပေးလိုခြင်းမရှိသည့်အတွက် ရပ်ရှ်ဖို့ဒ်ကို ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ပြည်ပမှ ထိပ်သီးကလပ်အသင်းများစွာနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများကလည်း စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

လက်ရှိအချိန်၌ ၎င်းအနေဖြင့် အီတလီသို့ ရောက်ရှိရန် အလားအလာများနေပြီး အေစီမီလန်အသင်းနှင့် သဘောတူညီမှု ရရှိရန် နီးစပ်နေကြောင်း သိရသည်။ 

ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီထွက်ကစားသမားဖြစ်သော်လည်း လက်ရှိတွင် နည်းပြ အာမိုရင်မ်နှင့် အဆင်မပြေခြင်းကြောင့် မန်ယူအသင်းက ၎င်းကို ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။


READ NEXT
Cancel OK