Top News

■ စီးရီးအေပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက် 
24htopnews | January 17, 2025 10:12 PM CST

ဘိုလော့ဂ်နာ - မွန်ဇာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၈:၃၀ နာရီ)

ဘိုလော့ဂ်နာက ဥရောပဝင်ခွင့်အတွက် ပွဲတိုင်းကို အားစိုက်ကစားနေတယ်။ ပြီးခဲ့တဲ့ ရာသီကပုံစံမျိုးကို မမြင်ရပေမဲ့ အရမ်းကျဆင်းသွားတာတော့ မဟုတ်ပါဘူး။ မွန်ဇာက နောက်ဆုံးပွဲမှာ ဖီအိုရင်တီးနားကို နိုင်ခဲ့ပေမဲ့ ယုံကြည်လို့မရသေးဘူး။ ဘိုလော့ဂ်နာကို ကြိုက်တယ်။



ဂျူဗင်တပ်စ် - အေစီမီလန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၁၁:၃၀ နာရီ)

ဂျူဗင်တပ်စ်က သရေပွဲတွေအရမ်းများနေပြီး နိုင်သင့်တဲ့ ပွဲတွေကိုလည်း အနိုင်မကစားနိုင်ခဲ့ဘူး။ စီးရီးအေနောက်ဆုံး  (၈)ပွဲမှာ သရေကျတဲ့ပွဲက (၇)ပွဲအထိရှိခဲ့ပြီး လက်ချီ၊ ဗင်နီဇီယာ၊ တိုရီနိုတို့လိုအသင်းတွေကို အနိုင်မကစားနိုင်ခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့တယ်။ အေစီမီလန်ကတော့ နည်းပြသစ် ကွန်ဆေးဆာအိုလက်ထက်မှာ အတော်လေး တိုးတက်လာတယ်။ စီးရီးအေနောက်ဆုံး (၂)ပွဲမှာ (၄)မှတ်ရခဲ့ပေမဲ့ သူတို့ ရဲ့ ကွင်းတွင်းခြေစွမ်းက အားရစရာကောင်းပါတယ်။ အေစီမီလန် အနိမ့်ဆုံး သရေရမယ်။



အတ္တလန်တာ - နာပိုလီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် နံနက် ၂:၁၅ နာရီ)

ပထမအကျော့က နာပိုလီကွင်းမှာ အတ္တလန်တာအသင်း ဂိုးပြတ်နိုင်ခဲ့ပေမဲ့ အခုပွဲမှာတော့ သိပ်ပြီး လွယ်ကူဖို့မရှိပါဘူး။ ဒါ့အပြင် ဒီပွဲပြီးရင် ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်ကစားရဖို့ရှိတာကြောင့်လည်း အတ္တလန်တာအသင်း လိုအပ်သလောက် အားစိုက်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ်။ နည်းပြ ကွန်တီရဲ့ နာပိုလီကတော့ အကောင်းဆုံးပုံစံပြနေတယ်။ လူကာကူက တိုက်စစ်မှာ ပိုအားထားလာရပြီး သူတို့ရဲ့ ကွင်းလယ်စုဖွဲ့မှုကလည်း အတော်လေးကို ကျစ်လျစ်ပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ နာပိုလီ ရလဒ်ကောင်းမှာပါ။


READ NEXT
Cancel OK