Top News

■ လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက် 
24htopnews | January 17, 2025 10:12 PM CST

ဆယ်လ်တာဗီဂို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၇:၃၀ နာရီ)

ဘီလ်ဘာအိုက ကစားပုံပိုငြိမ်ပေမဲ့ ဆယ်လ်တာဗီဂိုကွင်းမှာတော့ အစဉ်အလာအရ အနိုင်ရဖို့ ခက်လေ့ရှိတယ်။ ဆယ်လ်တာဗီဂိုကလည်း အိမ်ကွင်းကစားပုံကောင်းနေပြီး နိုင်ပွဲတွေဆက်အောင် ကစားနေနိုင်ချိန်ဆိုတော့ ဘီလ်ဘာအိုအနေနဲ့ ဒီပွဲမှာလည်း ဆယ်လ်တာဗီဂိုကွင်းမှာ အနိုင်ရဖို့ မလွယ်လောက်ဘူး ထင်တယ်။ အိမ်ရှင် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းကိုပဲ ရွေးထားတာ ကောင်းမယ်။ 



ရီးယဲလ်မက်ဒရစ် - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၉:၄၅ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တစ်ရက်တည်းမှာပဲ လာလီဂါထိပ်ဆုံးနေရာကိုရော၊ စပိန်စူပါဖလားကိုပါ လက်လွှတ်လိုက်ရတယ်။ အခုပွဲပြီးရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဆက်နွှဲရဦးမှာဆိုတော့ လက်စ်ပါမားစ်အသင်းနဲ့ အခုကစားမယ့်ပွဲကို အင်အားကုန်သုံးပြီး နိုင်ပွဲရှာမယ့်ပုံမရှိဘဲ အားမွေးရင်း ကစားသွားဖို့ပဲ များလိမ့်မယ်။ လက်စ်ပါမားစ်ကလည်း နှစ်သစ်ထဲမှာ ကစားပုံကျသွားပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာရော၊ လာလီဂါမှာပါ (၂) ပွဲဆက် ရှုံးထားတယ်။ ပြီးတော့ လက်စ်ပါမားစ်က အဝေးကွင်းဆိုရင် ရုန်းကန်ရလေ့ရှိပြီး ဒီရာသီ လာလီဂါအဝေးကွင်း (၉) ပွဲမှာ (၅) ပွဲအထိ ရှုံးထားတယ်။ နောက်ပြီး လက်စ်ပါမားစ်က ရီးယဲလ်မက်ဒရစ်ကို အစဉ်အလာပိုင်းမှာလည်း ယှဉ်နိုင်တဲ့ အသင်းမဟုတ်ဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။ 



အိုဆာဆူနာ - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၁၂:၀၀ နာရီ)

ဗယ်လက်ကာနိုက အဝေးကွင်းသရေပွဲတွေပဲ အဓိကထားကစားနေသလိုပဲ။ အခုလည်း အိုဆာဆူနာရဲ့အိမ်ကွင်းအားကောင်းမှုကို တောင့်ခံကစားသွားဖို့ပဲ ဗယ်လက်ကာနို ကြိုးစားလာနိုင်တယ်။ ဒီနှစ်သင်းတွေ့ဆုံမှုမှာ အိမ်ရှင်တွေ အနိုင်ရလေ့ရှိလို့ အခုလည်း အိုဆာဆူနာနဲ့ ဂိုးအနည်းငယ်ကို ရွေးလိုက်မယ်။ 



ဗလင်စီယာ - ဆိုစီဒက် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက် နံနက် ၂:၁၅ နာရီ)

နည်းပြသစ် ပြောင်းထားပေမဲ့ အသင်းကြီးတွေနဲ့ပဲ ဆက်တိုက်တွေ့ပြီး ဗလင်စီယာ နိုင်ပွဲရဖို့ ခက်နေတုန်းပဲ။ ဆိုစီဒက်ကလည်း ခြေမှန်နေတဲ့အချိန်ဆိုတော့ ဗလင်စီယာ အလွန်ဆုံးကစားနိုင်မှ သရေပါပဲ။ ဂိုးလည်း နည်းမယ်။ 


READ NEXT
Cancel OK