
အဲဗာတန် - စပါး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၈:၃၀ နာရီ)
အဲဗာတန်က ရှောင်ဒိုက်ကနေ ဒေးဗစ်မွိုက်စ်ကို ပြန်အစားထိုးခန့်ထားပေမဲ့ နည်းပြနှစ်ဦးရဲ့ နည်းဗျူဟာက သိပ်မကွာပါဘူး။ ကျစ်လျစ်တဲ့ ခံစစ်ပုံစံကို လိုချင်တဲ့ နည်းပြတွေဖြစ်ပြီး လက်ရှိ အဲဗာတန်ကို အရင်နဲ့ သိပ်မကွာတဲ့ ကစားဟန်နဲ့ မြင်ရနိုင်တယ်။ စပါးကတော့ ဒဏ်ရာပြဿနာတွေနဲ့ အတူရလဒ်မတည်ငြိမ်တဲ့အသင်းပါ။ ဒါပေမဲ့ အဲဗာတန်ထက် ခြေစွမ်းပိုကောင်းတယ်။ စပါးကို ကြိုက်တယ်။
မန်ယူ - ဘရိုက်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၈:၃၀ နာရီ)
မန်ယူအသင်းရဲ့ လက်ရှိရလဒ်က အရမ်းအားရစရာမဟုတ်သေးပေမဲ့ တိုးတက်မှုတွေကို မြင်နေရတယ်။ အထူးသဖြင့် မာကျောမှုနဲ့ ကျစ်လျစ်မှုအပိုင်းမှာ တိုးတက်လာတယ်။ ဒုတိယရာသီဝက်မှာ ပိုကောင်းလာမလားဆိုတာကို စောင့်ကြည့်ရမယ်။ ဘရိုက်တန်ကတော့ ရလဒ်တွေက အကောင်းအဆိုးပြောရခက်တယ်။ ရှုံးပွဲတွေ သိပ်မရှိသလို နိုင်ပွဲတွေလည်း အရမ်းနည်းပြီး နောက်ပိုင်းပွဲတွေဆိုရင် သရေတွေချည်းပဲ ဖြစ်နေတာကိုတွေ့ရတယ်။ အဓိက ကစားသမားတွေထဲမှာ ဒဏ်ရာပြဿနာ ကြီးကြီးမားမား မရှိကြလို့ အားကောင်းတဲ့အသင်းတွေနဲ့ ပွဲထွက်နိုင်တယ်။ နှစ်သင်းစလုံးက အသက် (၃၀) ကျော် လူငယ်နည်းပြတွေ ကိုင်တွယ်ထားတယ်။ လက်ရှိခြေစွမ်းအရတော့ မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ရလဒ်ကောင်းယူနိုင်ဖို့ နီးစပ်ပါတယ်။ ဂိုးပြတ်ဖို့ ခက်ပေမဲ့ မန်ယူအနိုင်ရသွားနိုင်တယ်။
နော်တင်ဟမ်ဖောရက်စ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၈:၃၀ နာရီ)
နော်တင်ဟမ်ဖောရက်စ်က ပရီးမီးယားလိဂ် (၇) ပွဲဆက်နိုင်ပွဲ ယူဖို့ ကြိုးစားခဲ့ပေမဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရတာဖြစ်လို့ သရေသာ ကစားနိုင်ခဲ့ပြီး စံချိန်ရပ်တန့်သွားခဲ့တယ်။ ဒါပေမဲ့ ဆောက်သမ်တန်ကတော့ နော်တင်ဟမ်အတွက် သိပ်အခက်အခဲ မရှိနိုင်တဲ့ ပြိုင်ဘက်မျိုးပါ။ အိမ်ကွင်းဖြစ်နေသလို၊ လက်ရှိခြေစွမ်းနဲ့ ရလဒ်ကလည်း အကောင်းဆုံးပုံစံမှာ ရှိနေလို့ နော်တင်ဟမ်ပဲ နိုင်မယ်။
အစ်ဝစ်ချ် - မန်စီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၁၁:၀၀ နာရီ)
မန်စီးတီးက လက်စတာနဲ့ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်အနိုင်ရခဲ့ပြီးတဲ့နောက် ဘရန့်ဖို့ဒ်ကို သရေကျခဲ့တယ်။ မန်စီးတီးရဲ့တိုက်စစ်ပိုင်းက ပိုပြီး ချောမွေ့လာတယ်။ စီးမျောပုံ ကောင်းလာတယ်။ ဒါပေမဲ့ တိုက်စစ်မှာအားနည်းချက်ရှိနေသေးသလို၊ ခံစစ်ကလည်း အားမရစရာ အချက်တွေမြင်နေရဆဲပဲ။ ဒါပေမဲ့ အစ်ဝစ်ချ်ကို အနိုင်ကစားဖို့ကတော့ မန်စီးတီးအတွက် အခက်အခဲ မရှိလောက်ပါဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်