
မြိတ်-ကော့သောင်းလမ်းအပိုင်းတွင်တခြားလမ်းကြောင်းများထက် ရေလမ်းခရီး ကို ဒေသခံများ စတင်အားပြုလာနေရ ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိမြိတ်-ကော့သောင်း ကားလမ်းအပိုင်းတွင် နယ် မြေမတည်ငြိမ်မှုများ မကြာခဏဖြစ်ပေါ်နေခြင်း၊လေယာဉ်စျေးနှုန်း ကြီးမြင့်ခြင်းများ ကြောင့် ရေလမ်းခရီးကိုပိုမိုအားထားလာ နေ ရကြောင်းဒေသခံများက ပြောကြားသည်။
“မြိတ်-တနင်္သာရီ-ဘုတ်ပြင်းအထိ ကို ကားလမ်းတစ်လျှောက် မတည်ငြိမ်ဘူး။ ဘယ် အချိန်ဘာဖြစ်မယ် မပြောတတ်ဘူး၊တိုက်ခိုက် မှုတွေမကြာခဏဆိုသလိုဖြစ်နေတယ်၊ဂိတ်တွေကလည်း အများကြီးပဲ ကားခထက် ဂိတ် ကြေးတွေက ပိုများနေတယ်။ ပြည်သူတွေ ရောင်းဝယ်ဖောက်ကားဖို့က စရိတ်တွေများ လာနေတယ်၊ ကုန်ကားတွေ၊ အိမ်စီးကား တချို့တော့သွားနေတယ်၊ ကားလမ်းအသုံးပြု မှုတော့အတော်နည်းပြီးစိတ်ချရတဲ့ ရေလမ်း ခရီးကိုပြည်သူတွေ စတင်ရွေးချယ်လာကြ ပြီ” ဟု ခရီးသွားလာနေသူများက ပြောကြား သည်။
ကုန်းလမ်းခရီး စိတ်မချရသည့် အပြင် လေယာဉ်ခရီးစဉ်လက်မှတ်များက သာမန် ပြည်သူများလက်လှမ်း မမှီတော့ကြောင်းသိရ သည်။
“လုပ်ငန်းရှင် တချို့ကတော့ စပိဘုတ် တွေ ပြေးဆွဲပေးနေတယ်၊ တိုက်ပွဲကြောင့် လမ်း ပိတ်တဲ့အချိန် ပြေးဆွဲပေးနေရာမှ အခု ဆိုရင် ပုံမှန် ခရီးစဉ်မျိုးပြေးဆွဲပေးနေရတယ်၊ လူတစ်ဦးကို မြိတ်-ကော့ သောင်း နှစ်သိန်း ကျပ်စျေး ရှိတယ်၊ ကြာချိန် ၆ နာရီရှိတယ်၊စပိ ဘုတ်ဖြစ်တဲ့အတွက်သာမန်ခရီးသွားတွေအတွက်တော့ အဆင်ပြေတယ်၊ကုန်စည်တင်လို့မရဘူး၊အခြေခံလူတန်းစားတွေ မစီးနိုင် သေးဘူး ” ဟု ကော့သောင်းဒေသခံ တစ်ဦးက ပြောကြားသည်။
လေကြောင်းခရီးစဉ်မှာမြိတ်-ကော့ သောင်းခရီးအ တွက် ကျပ်သုံးသိန်းခွဲနီးပါး ပေါက်စျေးရှိနေပြီး ယခင်ကပြေး ဆွဲခဲ့ဖူးသော ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များကို ပြည်သူများ ပိုမိုမျှော်လင့်နေကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်