
ဖိလစ်ပိုင်ရေတပ်သည်ပင်လယ်ပြင်တွင် စက်ချွတ်ယွင်းသွားသည့် သင်္ဘောနှင့်အတူ ခြောက်ရက်ကြာ မျောပါနေသည့် လူပေါင်း ၁၂၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။
J Sayang 1 အမည်ရှိ အဆိုပါသင်္ဘောသည် ဇန်နဝါရီ ၈ ရက်က ဆူးလူးပင်လယ်ကိုဖြတ်ပြီး ပြည်တွင်းခရီးစဉ်တစ်ခုသွားရောက်ချိန်တွင် လောင်စာဆီပြတ်လပ်သွားပြီး အင်ဂျင်နှိုးမရတော့သဖြင့် ပင်လယ်အတွင်းမျောပါနေခဲ့ ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်က ထုတ်ပြန်ခဲ့သည်။ ထိုသင်္ဘောသည် ဆက်သွယ်ရေးစနစ်များလည်းချွတ်ယွင်းခဲ့သဖြင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟုဆိုသည်။
ဖိလစ်ပိုင်ရေတပ်ကင်းလှည့်သင်္ဘော တစ်စင်းကမူ ပျောက်ဆုံးနေသည့် ထိုသင်္ဘောကိုရှာဖွေရာတွင် ဇန်နဝါရီ ၁၄ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တာဝီတာဝီကျွန်းစု၏ ကမ်းလွန်ရေပြင်တွင်တွေ့ရှိခဲ့သည်။ ထိုသင်္ဘော ပေါ်တွင်ခရီးသည် ၁၀၆ ဦးနှင့် သင်္ဘောအမှုထမ်း ၁၅ ဦးလိုက်ပါခဲ့ပြီး အားလုံးသည်ဖိလစ် ပိုင်နိုငင်ံသားများဖြစ်ကာ ပင်လယ်အတွင်းမျောပါနေချိန်တွင် အစားအစာနှင့်ရေကို ချွေတာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်