
မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းအား အိမ်ကွင်း၌ အနိုင်ရပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာက မိမိတို့အနေဖြင့် ချန်ပီယံလမ်းကြောင်းပေါ်၌ ရှိနေသေးကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) တွင် အာဆင်နယ်အသင်းက စပါးအသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပထမရက်တွင် တတိယနေရာမှ နော်တင်ဟမ်အသင်းနှင့် ဇယားထိပ်ဆုံးမှ လီဗာပူးလ်တို့၏ သရေရလဒ်ကို အာဆင်နယ်အသင်း အခွင့်အရေးယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင်ရလဒ်ကြောင့် လီဗာပူးလ်အသင်းအား တစ်ပွဲပို၊ လေးမှတ်လျော့ဖြင့် ဖိအားပေးနိုင်ခဲ့သလို နော်တင်ဟမ်အသင်းကိုလည်း နှစ်မှတ်အသာရသွားပြီဖြစ်သည်။
သို့ဖြစ်ရာ အာတီတာက ''ကျွန်တော်တို့က ချန်ပီယံလမ်းကြောင်းထဲမှာ ရှိနေပါသေးတယ်။ ပွဲတွေအများကြီးကစားဖို့ ကျန်ပါသေးတယ်။ ဒါပေမဲ့ အသင်းအားလုံးက အနိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ (ရမှတ်ကွာဟမှုလျှော့ချဖို့) အခွင့်အရေးရလာတဲ့အချိန်မှာ အဲဒါကို အရယူနိုင်ရပါမယ်။ ဒီရလဒ်က ပျော်ရွှင်စရာကောင်းပါတယ်။ အခုကစပြီး လာမယ့်ပွဲအတွက် ကျွန်တော်တို့ပြင်ဆင်နေပါပြီ။ ကျွန်တော့်အသင်းအတွက် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့က စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်လို့လည်း တွေးမိပါတယ်။ ဒီပွဲက ကြီးမားတဲ့စမ်းသပ်မှုတစ်ခုပါ။ ပြီးခဲ့တဲ့ မတူညီတဲ့ ပြိုင်ပွဲနှစ်ခုမှာ ကျွန်တော်တို့ပုံစံကောင်းမရခဲ့ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ သတ္တိကို စမ်းသပ်မှုတစ်ခုပါပဲ။ ပထမဆုံးမိနစ်ကတည်းက ကျွန်တော်တို့ ပြင်းထန်တဲ့ ခံစားချက်ရှိတာကို သိခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ (စပါး) ကို နာကျင်စေဖို့ တကယ့်ရည်ရွယ်ချက်နဲ့ ကစားခဲ့တာပါ။ မယုံနိုင်စရာ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တယ်။ ဒီပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါက ပရိသတ်တွေ အရမ်းပျော်စေဖို့ ကျွန်တော်တို့ပေးနိုင်တဲ့ လက်ဆောင်ပါပဲ}''ဟု ကြုံးဝါးပြောဆိုခဲ့သည်။
ယင်းပွဲတွင် ဆွန်ဟောင်မင်က စပါးအတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်တွင် စတင်သွင်းယူခဲ့ပြီး မိနစ် ၄၀ တွင် ဆိုလန်ကီ၏ OG ကြောင့် အာဆင်နယ်အသင်း ချေပဂိုးရရှိကာ ၄၄ မိနစ်တွင် ထရိုဆက်က အနိုင်ဂိုးသွင်းယူပေးခဲ့သည်။
အာဆင်နယ်အသင်း၏ ချေပဂိုးမှာ ထောင့်ကန်ဘောမှတစ်ဆင့် ဂါဘရီယဲလ်၏ ခေါင်းတိုက်သွင်းယူမှု ဆိုလန်ကီနှင့်ထိကာ ဂိုးဝင်သွားခြင်းဖြစ်သည်။
အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီမှစ၍ ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးများစွာသွင်းယူထားနိုင်ပြီး စပါးအသင်းနှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ်လေးပွဲတွင် လေးဂိုးသွင်းယူထားနိုင်ပြီဖြစ်သည်။
အဆိုပါအရေအတွက်မှာ ယင်းကာလအတွင်း အခြားပြိုင်ဘက်များထက် ဂိုးပိုမိုသွင်းယူထားနိုင်ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်