
ဆီဗီလာအသင်း လူငယ်ခံစစ်အတွင်းလူ ဆာလက်စ်သည် ရည်ရွယ်ချက်ရှိရှိ အဝါကတ်ပြခံရရန် ပြုလုပ်သဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရသည်။
အသက် ၂၂ နှစ်သာရှိသေးသူ ဆာလက်စ်သည် ၎င်း၏သူငယ်ချင်းများ လောင်းကြေးအနိုင်ရစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ အဝါကတ်ပြခံရရန် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် ဇန်နဝါရီ ၁၄ ရက်တွင် ဆီဗီးလ်မြို့၌ ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရသည်။
စပိန်ရဲတပ်ဖွဲ့က ၎င်းအား စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
စပိန်ဘာသာဖြင့်ဖော်ပြသည့် El Confidencial ဒစ်ဂျစ်တယ်သတင်းစာက ဆီဗီလာနောက်ခံလူ၏ သူငယ်ချင်းနှစ်ဦးသည် ပြီးခဲ့သည့်လများအတွင်း ၎င်းအဝါကတ်ပြခံရမည့်ဘက်မှ ယူရို (၁၀၀၀၀) ဝန်းကျင် လောင်းကြေးထပ်ခဲ့ကြောင်း စတင်ဖော်ပြခဲ့ပြီးနောက် စပိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အနေဖြင့် ဆီဗီးလ်မြို့နှင့် ၅၀ ကီလိုမီတာအကွာ မိုရွန်ဒီလာဖရွန်တီယာမြို့ရှိ လောင်းကစားဒိုင်ခြောက်ခုတွင် အကြိမ် ၃၀ ခန့် လောင်းကြေးထပ်ခဲ့ကြောင်း သိရသည်။
ဆာလက်စ်သည် ပြီးခဲ့သည့်ရာသီက အဝါကတ် ၁၀ ကြိမ်ပြခံခဲ့ရပြီး ၎င်းတို့အနက် ရာသီကုန်ခါနီး ကိုးပွဲတွင် ခုနစ်ကြိမ်ပြခံခဲ့ရခြင်းဖြစ်သည်။
ဆာလက်စ်အနေဖြင့် အပြစ်ကျူးလွန်ကြောင်းထင်ရှားပါက ဘောလုံးကစားခွင့် နှစ်နှစ်မှ ငါးနှစ်အထိ ပိတ်ပင်ခံရနိုင်သလို ထောင်ဒဏ်ခြောက်လမှ သုံးနှစ်အပြင် ဒဏ်ကြေး ယူရို ၃၀၀၀ မှ ၃၀၀၀၀ ကြား ချမှတ်ခံရနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်