Top News

■ ဆာလာကို တစ်နှစ်လစာပေါင်(၆၅)သန်းဖြင့် ကမ်းလှမ်းရန် အယ်လ်ဟီလာအသင်း စီစဉ်နေ     
24htopnews | January 17, 2025 5:12 PM CST

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို တစ်နှစ်လစာပေါင်(၆၅) သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

    

ဆာလာ(၃၂ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လမ်းခွဲရန် အလားအလာ များနေသည်။ 

အသက်(၃၀)ကျော်ပြီဖြစ်သော်လည်း အကောင်းဆုံး ခြေစွမ်းပြနေဆဲဖြစ်သည့် ဆာလာက (၃)နှစ်သက်တမ်းတိုးလိုပြီး လီဗာ ပူးလ်အသင်းက (၂)နှစ်သာ သက်တမ်းတိုးလိုသည့်အတွက် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဆာလာကို အယ်လ်ဟီလာအသင်းက မြင့်မားသည့် လစာနှုန်းထား ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အယ်လ်ဟီလာအသင်းသည် နေမာနှင့် လမ်းခွဲရန် နီးစပ်နေသည့်အတွက် ဆာလာအား ပြန်လည်အစားထိုးခေါ်ယူရန် ကြိုးပမ်းနေ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ဆာလာသည် လီဗာပူးလ်အသင်းတွင် တစ်နှစ်လစာ ပေါင်(၁၈) သန်းဝန်းကျင်သာ ရရှိနေသည့်အတွက် အယ်လ်ဟီလာအသင်း ပေးချေမည့် လစာနှုန်းထားမှာ မက်မောဖွယ်ဖြစ်နေသည်။ 

အယ်လ်ဟီလာအသင်းသည် ဆာလာကို တစ်နှစ်ပေါင်(၆၅)သန်းနှုန်းဖြင့် (၂)နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK