Top News

■ အန်ဆူဖာတီကို ခေါ်ယူရန် စပါးနှင့် ဝက်စ်ဟမ်းတို့ စိတ်ဝင်စား
24htopnews | January 17, 2025 5:12 PM CST

လန်ဒန်မြို့ခံ ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းဖြစ်သည့် စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့သည် ဘာစီလိုနာအသင်းမှ စပိန်လက်ရွေးစင်တိုက်စစ်ကစားသမား အန်ဆူဖာတီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

    

ဘာစီလိုနာအသင်းသည် အန်ဆူဖာတီ(၂၂ နှစ်)ကို အသင်း၏ အနာ ဂတ်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခဲ့သော်လည်း မျှော်မှန်းထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဘရိုက်တန်အသင်းထံ အငှားချခဲ့သည်။ 

ယခုရာသီတွင်လည်း အသင်းတွင် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေသည့် အန်ဆူဖာတီကို ဘာစီလိုနာအသင်းက ရောင်းထုတ်ရန် ဆန္ဒရှိနေရာ စပါးနှင့် ဝက်စ်ဟမ်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် ပရီးမီးယားလိဂ်အသင်းများသည် အန်ဆူဖာတီကို အပြီးသတ်ခေါ်ယူရန်ထက် အငှားဖြင့်ခေါ်ယူရန်သာ ပိုမိုလိုလားနေကြောင်းလည်း သိရသည်။ 

တူရကီကလပ် ဘက်ဆစ်တက်အသင်းကလည်း အန်ဆူဖာတီကို ပရီးမီးယားလိဂ်အသင်းများနှင့်အပြိုင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။


READ NEXT
Cancel OK