Top News

■ ပရီးမီးယားလိဂ်တွင် (၈)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့် အီဆက်ခ် ဗာဒီ၏စံချိန်ကို လိုက်မီနိုင်ရန် နီးစပ်နေ     
24htopnews | January 17, 2025 5:12 PM CST

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်သည် ပရီးမီးယားလိဂ်တွင် (၈)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဗာဒီ၏စံချိန်ကို လိုက်မီနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

    

အီဆက်ခ်(၂၅ နှစ်)သည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်၏ ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး (၈)ပွဲ ဆက်တိုက် ဂိုးသွင်းယူထားသည်။ 

အီဆက်ခ်သည် ဒီဇင်ဘာ(၅)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်နှင့်ပွဲမှစ၍ ပရီးမီးယားလိဂ်တွင် ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း(၈)ပွဲ၌ (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်(၂၅ နှစ်)သည် ၂၀၂၂ ခုနှစ် နွေရာသီတွင် ဆိုစီဒက်အသင်းမှ နယူးကာဆယ်အသင်းသို့ ပေါင်(၆၃)သန်းဝန်းကျင်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။ 

၎င်းသည် ပထမဆုံးရာသီ၌ နယူးကာဆယ်အသင်းအတွက် (၁၀) ဂိုးသွင်းယူခဲ့ပြီး ဒုတိယရာသီတွင် (၂၅) ဂိုးသွင်းယူနိုုင်ခဲ့သည်။ ယခုရာသီတွင် ပြိုင်ပွဲစုံ(၂၃)ပွဲကစား ပြီးချိန်၌ (၁၇)ဂိုး သွင်းယူထားသည်။ ထို့ကြောင့် ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာ ရှိနေကြောင်း သိရသည်။ 

    

ပရီးမီးယားလိဂ်တွင် ပွဲဆက် အများဆုံးဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ထားသူမှာ လက်စတာအသင်းအတွက် (၁၁)ပွဲဆက် ဂိုးသွင်းခဲ့သည့် ဗာဒီဖြစ်သည်။ 

နယူးကာဆယ်အသင်းသည် လာမည့်(၃)ပွဲ၌ ဘုန်းမောက်၊ ဆောက်သမ်တန်၊ ဖူလ်ဟမ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်၍ အီဆက်ခ် လိုက်မီနိုင်ခြင်းဖြစ်သည်။


READ NEXT
Cancel OK