Top News

■ ကမ်ဘီယာဆိုကို ယခုလအတွင်း အရခေါ်ယူရန် မန်စီးတီးအသင်း ကြိုးပမ်း     
24htopnews | January 17, 2025 5:12 PM CST

မန်စီးတီးအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ အီတလီနောက်ခံလူ ကမ်ဘီယာဆိုကို ယခုလအတွင်း အရခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် အား ဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ကမ်ဘီယာဆိုကို ယူရိုသန်း(၆၀)အထက်ဖြင့် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။ 

ကမ်ဘီယာဆို(၂၄ နှစ်)သည် ဘယ်နောက်ခံလူအဖြစ်ရော ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။ 

မန်စီးတီးအသင်းက ၎င်းကို (၅)နှစ်စာချုပ်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

မန်စီးတီးအသင်းသည် အသင်းမှထွက်ခွာခွင့်တောင်းထားသည့် ညာနောက်ခံကစားသမား ဝေါ်လ်ကာ၏နေရာတွင် အစားထိုးရန်အတွက် ကမ်ဘီယာဆိုအား အရခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။ 


READ NEXT
Cancel OK