Top News

■ ဇူဘီမန်ဒီကို လာမည့်နွေရာသီတွင်ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းထွက်     
24htopnews | January 17, 2025 5:12 PM CST

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီကို လာမည့်နွေရာသီတွင် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်နေသည်။

    

ဇူဘီမန်ဒီ(၂၅ နှစ်)သည် ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ၏ ပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ဆိုစီဒက်အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။ 

သို့သော် ၎င်းသည် နောက်ပိုင်း၌ ပရီးမီးယားလိဂ်တွင် ကစားရမည့် အခွင့်အရေးကို ငြင်းပယ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ပြောကြားခဲ့ဖူးသည်။ 

ယခုအခါ အာဆင်နယ်အသင်းက လာမည့်နွေရာသီတွင် ခေါ်ယူရန်အတွက် ကြိုးပမ်းခဲ့ရာ ၎င်းက လက်ခံခဲ့ကြောင်း သိရသည်။

 

အာဆင်နယ်အသင်း သည် ဇူဘီမန်ဒီအား ဆိုစီဒက်အသင်းတွင် ရရှိနေသည့် လစာငွေ၏ နှစ်ဆဖြစ်သည့် တစ်ပတ်ယူရို(၈၀၀၀၀)ပေးပြီး နှစ်ရှည် စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းကို ဇူဘီမန်ဒီက လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဇူဘီမန်ဒီသည် ဆိုစီဒက်အသင်းနှင့် ယူရိုသန်း(၆၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူဖြစ်သောကြောင့် အာဆင်နယ်အသင်းအနေဖြင့် ကစားသမားနှင့် သဘောတူညီမှုရရှိခဲ့သည့်အတွက် ဆိုစီဒက်အသင်းထံ အဆိုပါငွေကြေးပမာဏ ပေးချေကာ ခေါ်ယူရမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK